Home သတင်း မြန်မာမှာ ငလျင်ကြောင့် သေဆုံးသူ ဦးရေ တစ်ထောင်ကျော်ထိရှိလာနေ

မြန်မာမှာ ငလျင်ကြောင့် သေဆုံးသူ ဦးရေ တစ်ထောင်ကျော်ထိရှိလာနေ

47
0
(Photo : မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ)

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တစ်ရက်အတွင်းမှာ သေဆုံးသူ ဦးရေဟာ တစ်ထောင်ကျော်ထိရှိလာနေတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၀ ရှိတယ်လို့လည်းဖော်ပြထားပါတယ်၊

အဲဒီသေဆုံးသူတွေ ထဲမှာ လတ်တလော စာရင်းတွေ အရတော့ မန္တလေးတိုင်းက ၆၉၄ ဦးနဲ့ သေဆုံးမှု အများဆုံး နေရာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်ဟာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here