မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ဖိုအတွက် ငလျင်သင့်ဒေသ နဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ ခုခံစစ်ကလွဲရင် ထိုးစစ်ကို ရပ်နားမယ်လို့ NUG က ဒီနေ့ မှာ သတင်းထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ထဲမှာ”လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်နိုင်ဖို့အတွက် ငလျင်ဒဏ်သင့် ဒေသ နဲ့ ဆက်စပ်တဲ့ ခရိုင်တွေမှာ ခုခံကာကွယ်စစ်က လွဲပြီးတော့ ထိုးစစ်အားလုံးကို မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ နှစ်ပတ်ကြာရပ်နားမှာ ဖြစ်တယ်”လို့ ဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေ အနေ နဲ့လည်း ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရဲ့ လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုကို ပေးကြဖို့ကိုလည်း ညွန်ကြားထားပြီးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ကာ ကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် ပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့ရဲ့ အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိ မြေငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း ၊မကွေးတိုင်း၊ပဲခူးတိုင်း၊နေပြည်တော်ကောင်စီနယ်မြေ နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းနေရာတွေက အဆောက် အဦးတွေပြိုကျပျက်စီးတာ ဘုရားကျောင်း တွေ ပြိုကျပျက်စီးတာ များစွာရှိခဲ့ရပါတယ်။
ဒီလို အဆောက်အဦး တွေ ပြိုကျပျက်စီးတာတွေကြောင့် နိုင်ငံတဝန်းအတွင်းမှာ သေဆုံးသူ ၁၆၆၄ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၄၀၈ ဦး ရှိပြီးတော့ ပျော က်ဆုံးနေသူ ၁၃၉ ဦး ရှိတယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၂၉ ရက်နေ့ ညနေမှာ သတင်းထုတ်ပြန်ထားပါတယ်။
NUGအစိုးရ အနေ နဲ့ လက်ရှိ ငလျင်ကြောင့်အရေးပေါ်ကယ်ဆယ်ရေး လုပ် ငန်းလုပ်တဲ့ နေရာမှာ အသုံးပြုနိုင်ဖို့အတွက် ပထမဆုံးအနေ နဲ့ အမေရိကန် ဒေါ်လာ ၁ သန်းသုံးစွဲသွားဖို့ လျာထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ကလည်း နိုင်ငံတကာ တွေ အနေ နဲ့ လာရောက်ကူညီပေးကြဖို့ကို တောင်းဆိုထားပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.