Home သတင်း ငလျင်ဒဏ်သင့်ဒေသက ပြည်သူ ၄.၃ သန်း သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေပေးဖို့ အရေးပေါ်လိုအပ်နေ

ငလျင်ဒဏ်သင့်ဒေသက ပြည်သူ ၄.၃ သန်း သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေပေးဖို့ အရေးပေါ်လိုအပ်နေ

37
0
Photo - UNOCHA

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူ ၄.၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေပေးဖို့ အရေးပေါ်လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဧပြီလ ၁၈ ရက်နေ့မှာ သတင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီငလျင်လှုပ်ခတ်မှုကြောင်း မြန်မာနိုင်ငံတဝန်းက ငလျင်ဒဏ်သင့်ဒေသတွေမှာ သေဆုံးသူ ၃၇၃၅ ဦး၊ ဒဏ်ရာရသူ ၅၁၀၈ ဦး ရှိပြီး ပျောက်ဆုံးသူ ၁၂၀ ရှိနေတယ်လို့ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေ အရသိရပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ရေပေးဝေရေးစနစ်တွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ရသလို မကြာခဏ ဓါတ်အားပြတ်တောက်မှုတွေကြောင့်လည်း ရေပေးဝေရေး အခက်အခဲ ဖြစ်စေခဲ့တယ်လို့ လည်းဆိုထားပါတယ်။ တစ်ဖက်မှာလည်း ဒီငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသတွေက အိမ်သာပေါင်း ၄၂,၀၀၀ ကျော်ဟာလည်း ပြိုကျပျက်စီးခဲ့ရတာတွေလည်းရှိတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒီငလျင်ဒဏ်သင့်နေရာတွေကို ပြည်သူတွေ အခြေအနေတွေ ပိုပြီး ဆိုးရွားမလာခင် အကူအညီလိုအပ်သူ တစ်သန်းကိုလည်း ရေသန့်၊ အရေးပေါ်သန့်ရှင်းရေး နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားတယ်လို့ လည်းဆိုပါတယ်။

UNOCHA အနေ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေအတွက် ချက်ချင်းဦးစားပေးလုပ်ဆောင်နေပြီးတော့ တဖက်မှာလည်း အရေးပေါ် အမိုးအကာတွေ ငွေသားအကူအညီတွေ ဘေးကင်းတဲ့ သောက်သုံးရေတွေ အစားအစာတွေ နဲ့ မိခင်တွေကို ထောက်ပံ့ပေးရေးပေးဖို့လိုအပ်နေသလို အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး နဲ့ အခြေခံအဆောက်အအုံတွေကိုလည်း လျင်မြန်စွာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးဖို့ အရေးကြီးကြောင်းကိုလည်း ပြောဆိုထားပါတယ်။

လက်ရှိအချိန်ထိတော့ ငလျင်လှုပ်ခတ်မှုဟာ သီတင်းသုံးပတ်ကြာတဲ့အထိရှိလာနေပေမယ့် ငလျင်သင့်ပြည်သူတွေ အတွက် လုံခြုံစိတ်ချရတဲ့ အမိုးအကာ၊ ရေသန့်၊ လျပ်စစ်မီး နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိတဲ့ အနေအထားမှာ မရှိသေးဘူးလို့လည်း မရရှိသေးကြောင်းလည်း UNOCHAက ထောက်ပြပြောဆိုထားပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တာတွေကြောင့် နေအိမ်တွေ ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းမှုတွေအပ‌ေါ်မှာ အဟန့်အတား ဖြစ်စေခဲ့ပြီးတော့ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ရပြီးပြီး လက်ရှိအချိန်ထိ ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ မိသားစုတွေဟာ အိမ်ပြန်ဖို့ အတွက်ကိုတောင် ကြောက်ရွံ့နေကြဆဲ ဖြစ်တယ်လို့ လည်းဆိုထားပါတယ်။

တဖက်မှာလည်း ငလျင်ကြောင့် နေအိမ်ပျက်စီးမှုများစွာရှိတဲ့ အတွက် အမိုးအကာ နဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေသူ အရေအတွက်ဟာ တစ်သန်းကနေ ၅.၂ သန်းအထိ တိုးလာနေတယ်လို့ UNOCHA က ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here