Home သတင်း ကွတ်ခိုင်မှာ အမျိုးသား(၃)ဦး မိုးကြိုး ပစ်ခံရပြီး သေဆုံး

ကွတ်ခိုင်မှာ အမျိုးသား(၃)ဦး မိုးကြိုး ပစ်ခံရပြီး သေဆုံး

79
3

ဧပြီလ ၂၈ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြိုနယ်၊ ဟိုနောင်အုပ်စု၊ ကုန်းချမ်းကျေးရွာတွင်မှာ အမျိုးသား (၃)ဦးကိုမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ရတယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။

မိုးကြိုးပစ်ခံရတဲ့ သူတွေကတော့ အသက် (၆၂)နှစ်အရွယ် ဦးလွင်ခိုင်၊ အသက် (၃၆)နှစ်အရွယ် ဦးအိုက်လွင် နဲ့ အသက် (၃ဝ)နှစ်အရွယ် ဦးအိုက်မွန်းတို့ ဖြစ်ကြပြီးတော့ ဧပြီလ (၂၈)ရက်နေ့က မိုးသက် လေပြင်းကျနေချိန်မှာ ကြွင်းအတွင်းက မီးသွေးကို သွားထုတ်ယူတဲ့ အချိန်မှာ အခုလိုမိုးကြိုထိမှန်ခဲ့ရတာ ဖြစ်တာလို့ ဆိုပါတယ်။

အဲဒီသေဆုံးသွားသူတွေ ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေက သွားရောက်သယ်ယူခဲ့ပြီးတော့ ဧပြီလ (၂၉)ရက်နေ့မှာတော့ မီးသဂြိုလ်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here