မြောက်ဦးမြို့ အတွင်းမှာ အမျိုးသားတစ်ဦးကို မိုးကြိုးပစ်ခံရပြီးတော့ သေ ဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကြိုးပစ်ခံရလို့ သေဆုံးသွားခဲ့ရတဲ့ သူကတော့ မြောက်ဦးမြို့နယ် ၊ သပြေကန်ကျေးရွာက ဦးမောင်သန်းမြင့်ဆိုသူဖြစ် တယ်လို့ဆိုပါတယ်။
ဦးမောင်သန်းမြင့် ဟာ မနေ့က မေလ ၂၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ လယ်ကွင်းပြင်မှာ ရှိတဲ့ သူရဲ့နွားကို သွားကြည့်ချိန် ဦးမောင်ညွှန့်တင် ဆိုသူရဲ့ တည်းအနီးအရောက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
ရခိုင်ပြည် ကျောက်တော်မြို့နယ်၊ဇင်းခါးကျေးရွာ အတွင်းမှာလည်း ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က မိုးကြိုးပစ်ခံရပြီးတော့ ဒေသခံပြည်သူ ၃ ဦးသေဆုံးတာရှိခဲ့ပြီးတော့ ၃ ဦးဒဏ်ရာရတာလည်း ရှိခဲ့ပါသေးတယ်။