Home သတင်း ရခိုင်အပါအဝင် တိုင်း နဲ့ ပြည်နယ်တွေမှာ ဆက်လက်မိုးကြီးနိုင်

ရခိုင်အပါအဝင် တိုင်း နဲ့ ပြည်နယ်တွေမှာ ဆက်လက်မိုးကြီးနိုင်

16
0

ကပ္ပလီပင်လယ် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့် ကနေ အားကောင်းနိုင်တဲ့ အတွက် ရခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ (၂)ရက်နေ့မှာတော့ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ပြီးတော့ မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဇွန်လ(၃)ရက်နေ့မှာတော့ ရှမ်း‌ပြည်နယ်‌မြောက်ပိုင်း၊မန္တလေးတိုင်း ၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးကြီးခြင်းနဲ့အတူ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်တပြက်ရေကြီးတာ၊ ကမ်းပါးပြိုတာ နဲ့ မြေပြိုတဲ့ ဘေးအန္တရာယ်တွေ ဖြစ်နိုင်တဲ့ အတွက် အထူးသတိပြုနေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီးတော့ လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျရောက်ချိန်မှာတော့ ရေပြင်/မြေပြင်လေတိုက်နူန်းဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့်ပေဟာ ၉ ပေကနေ ၁၃ ပေခန့် အထိရှိနိုင်တယ်လို့ ဆိုထားပါတယ်။

လက်ရှိအားကောင်းနေတဲ့ မုတ်သုန်လေဟာ ဇွန်လ(၄)ရက်နေ့ကနေပြီးတော့ ဇွန်လ (၈) ရက်နေ့အတွင်း မှာတော့ ပြန်လည်အားလျော့နိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကပင် မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ ရေကြီးမှုတွေ ဖြစ်ပွါးနေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here