Home ဆောင်းပါး ခေါင်းလောင်းထိုးသံနဲ့ မလုံလောက်တော့တဲ့ သဘာဝဘေး

ခေါင်းလောင်းထိုးသံနဲ့ မလုံလောက်တော့တဲ့ သဘာဝဘေး

134
5

သစ်တော၊ သစ်ပင်တွေဆိုတာ လူသားတွေနဲ့ တနည်းတဖုံ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ နေရေး၊ ထိုင်ရေးအပြင် အစားအသောက်အတွက်ပါ တနည်းမဟုတ် တနည်း ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ လူသားတွေ အသက်ရှင်ရပ်တည်ရေးအတွက် ကျောထောက်နောက်ခံပြု ထားကြတဲ့ သစ်တော၊ သစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် သတိမေ့နေကြပါတယ်။

သစ်ပင်တွေဟာ လူ့အသက်တချောင်းကို ဘယ်လိုကာကွယ်နိုင်သလဲဆိုတာ မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားတဲ့ သဘာဝဘေးက မြင်ကွင်းတချို့ကို ပြန်ပြီးပုံဖော်ကြည့်ကြရအောင်ပါ။ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းတဲ့ ငလျင်တခုလှုပ်ခတ်သွားတာကို မှတ်မိနေကြဦးမယ် ထင်ပါတယ်။ စစ်ကိုင်းလိုနေရာက ငလျင်ရဲ့ဗဟိုချက်ဖြစ်ပြီး အနီးဆုံးမန္တလေးမြို့ဟာလည်း ငလျင်ဒဏ်ကို စိစိညက်ညက်ကျေအောင် ဒဏ်ခံလိုက် ကြရတာဖြစ်ပါတယ်။

လူအသေအပြောက် အများဆုံးရှိခဲ့တဲ့ ဖြစ်ရပ်တခုလည်းဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်လို့ မြေလွှာပြတ်ရွေ့ အက်ကွဲသွားတဲ့ နေရာတွေကို တချက်သတိထားကြည့်မိရင် သစ်ပင်တွေ စုပြုံပေါက်ရောက်တဲ့နေရာ မဟုတ်ဘူးဆိုတာကို သတိထားမိနိုင်ပါတယ်။ သစ်ပင်တွေဟာ သ‌ဘာဘေးရဲ့ ပစ်မှတ်ထားရာနေရာတချို့မှာ ကြံ့ကြံ့ခံအံတုပြီး လူသားတွေရဲ့ အသက်ကို ကာကွယ်ပေးတယ် ဆိုတာကို နောက်ထပ်မြင်ကွင်းတခုနဲ့ ပုံဖော်ကြည့်ရအောင်ပါ။

ငလျင်ဘေးမတိုင်ခင်က မြန်မာနိုင်ငံမှာ ရေဘေးကို အကြိမ်ကြိမ် ခံစားရတယ်လို့တောင် ပြောလို့ရမှာပါ။ တောင်ပေါ်၊ မြေပြန့် နေရာမတူတဲ့ ဒေသတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားတာဖြစ်ပါတယ်။
ရေကြီးရေလျှံလို့ ပြောတဲ့နေရာမှာ အရင်ကတကြိမ်တခါမှ မကြုံဖူးတဲ့ ရုတ်တရက် ရေကြီးရေလျှံဖြစ်ပြီး ပြေးလွှားပြင်ဆင်ချိန်မရတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ၇.၇ ပြင်းအားရှိမြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မြင်ကွင်း။

အဲ့ဒီရေကြီးရေလျှံ ဖြစ်ပွားတဲ့နေရာတွေမှာတော့ လူသားတွေရဲ့ အသက်ပေါင်းများစွာကို နှုတ်ယူသွားခဲ့တာကိုတော့ မှတ်မိနေကြဦးမယ် ထင်ပါတယ်။လူတွေဟာ အသက်ဘေးနဲ့ကြုံရတဲ့အခါ အသက်ရှင်ရေးအတွက် ကောက်ရိုးတမျှင်လေးကို အမိအရ ကုပ်တွယ်ရှင်သန်ဖို့ ကြိုးစားကြပါတယ်။ အဲ့ဒီကောက်ရိုးတမျှင်ဟာ သစ်ပင်တွေဖြစ်တဲ့အကြောင်း သတိထားမိပါရဲ့လား။

ရုတ်တရက် ရေကြီးရေလျှံဖြစ်တော့ ကံကောင်းထောက်မစွာနဲ့ သစ်ပင်တပင်ရဲ့ အနားရောက်လာသူတချို့ အသက်ရှင်ကျန်ခဲ့ကြသူတွေ ရှိတယ်ဆိုတာကို သတိရနေကြဦးမယ် ထင်ပါတယ်။မှတ်မိနေတဲ့ မြင်ကွင်းတချို့ကို ပြောပြရရင် ဝါးလုံးထိုး စီးဆင်းနေတဲ့ ရေအဟုန်ဟာ သစ်ပင်တပင်ရဲ့ အောက်ကနေ စီးဆင်းနေပါတယ်။ ရေသံဟာ သက်ရှိတကောင်ကို စားတော့၊ ဝါးတော့မယ့်အသံနဲ့ စီးဆင်းနေတာပါ။ လူတယောက်ဟာ ဒီရေစီးထဲမျှော်ပါသွားရင်တော့ အသက်ရှင်ဖို့လမ်း မရှိတော့ပါဘူး။

ဝါးလုံးထိုး စီးဆင်းတဲ့ ရေအဟုန်ဟာ လူထက်အဆပေါင်းများစွာ ခွန်အားရှိတဲ့ ဆင်တကောင်ရဲ့ အသက်ကိုတောင် လွယ်လင့်တကူ နှုတ်ယူသွားနိုင်လို့ပဲ ဖြစ်ပါတယ်။ရုတ်တရက်ရေတက်လာလို့ သစ်ပင်ပေါ် ပြေးတက်ခဲ့ကြတဲ့ သူတချို့က တဆတ်ဆတ်နဲ့ တုန်ရီကြောက်ရွံ့နေတဲ့ပုံကို တွေ့ရပါတယ်။

သစ်ပင်ပေါ်ရောက်နေကြသူတွေက အမျိုးသမီးကြီးနဲ့ ကလေးတွေလဲ ပါပါတယ်။ သူတို့တွေဟာ ဘယ်လိုကနေ ဘယ်လို သစ်ပင်ပေါ် ရောက်လာကြလဲဆိုတတာတော့ မသိနိုင်ပါဘူး။ သူတို့မိသားစုဝင်တွေ ကြောက်မယ်ဆိုလဲ ကြောက်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။

စွန့်စားပြီး တိုက်ရိုက် Live လွှင့် ရုပ်သံရိုက်တင်ထားတဲ့သူတယောက်ရဲ့ ကျေးဇူးကြောင့် အဲ့ဒီမြင်ကွင်း ကိုတွေ့ရတာပါ။ အဲ့ဒီရုပ်သံရိုက်ကူးသူဟာလည်း အဲ့ဒီအချိန်မှာ အမျိုးသမီးကြီးနဲ့ ကလေးတွေလိုပဲ အသက်ဘေးမကျရောက်ဖို့အတွက် သစ်ပင်တပင်ရဲ့‌အပေါ်မှာ မှီခိုနေရချိန်ဖြစ်ပါတယ်။ အဲ့ဒီတိုက်ရိုက် Live လွှင့်ထားတဲ့ ရုပ်သံကိုကြည့်ပြီး စိတ်ထဲမှာ သူတို့နဲ့အတူ ဘေးဒုက္ခကို အတူတူရင်ဆိုင်ကြုံတွေ့ရတဲ့ ခံစားချက်ကို တထပ်ထဲရစေပါတယ်။ ရုပ်သံကို ကြည့်နေရင်းနဲ့ စိတ်ထဲလဲ တတွတ်တွတ်လိုက်ပြောနေမိတယ်။

“အားတင်းထားစမ်းပါ သစ်ပင်ကြီးရယ်။ ကျေးဇူးပြုပြီး ရှိသမျှအားနဲ့ အဲ့ဒီအသက်တွေကို ကယ်ပေးပါ။ ကယ်ပေးပါ။ မလွှတ်ချလိုက်ပါနဲ့။ သူတို့အသက်တွေကို သစ်ပင်ကြီးမှမကယ်ရင် သူတို့တွေ လူ့လောကမှာ ဆက်ပြီးနေရတော့မှာမဟုတ်ဘူး။ ကယ်ပေးပါ။ မယိုင်လဲလိုက်ပါနဲ့။ ရှိရှိသမျှခွန်အားနဲ့ အစွမ်းကုန်ကယ်ပေးပါ”

အဲ့ဒီမြင်ကွင်းက သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန် သစ်ပင်တပင်ဟာ လူတွေရဲ့အသက်ကို ကယ်ပေးကြသူတွေပါလို့ ထပ်ပြောနေဖို့တောင် လိုမယ်မထင်ပါ။

ပညာရှင်တွေက အကြိမ်ကြိမ်အခါခါ ထောက်ပြထားတဲ့ အချက်တွေမှာလည်း သစ်တော၊ သစ်ပင်တွေ ပြုန်းတီးလာတဲ့အတွက် သဘာဝဘေးဟာ လူတွေရဲ့ အနားကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပြီဆိုတာပါပဲ။
သစ်တော၊ သစ်ပင်တွေနဲ့ ပတ်သက်ပြီး စာရေးသူတယောက်နဲ့ ဆက်သွယ်မေးမြန်ထားချက်တချို့ကို ဖော်ပြလိုက်ရပါတယ်။သူက ယောဒေသမှာ ကလေးတွေအတွက် ပညာရေးဖွံဖြိုးဖို့ ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း သစ်တောပြုန်းတီးမှုအခြေအနေဟာ ကျေးရွာတွေ မီးလောင်ပျက်စီးခံ‌နေရသလိုမျိုး၊ တောရိုင်းတိရစ္ဆာန်တွေ၊ လူတွေ သေဆုံးကြသလိုမျိုး ကပ်ဆိုက်တာနေတာဖြစ်ပါတယ်။ လတ်တလော သစ်တွေဘယ်လိုထုတ်ယူသုံးစွဲနေကြသလဲဆိုတာက တရွာတစ်ပုဒ်ဆန်းပါပဲ။ အချို့သစ်ကွင်းတွေကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ပြီး ရန်ပုံငွေအတွက် ရောင်းတာရှိတယ်။ တချို့ရပ်ရွာတွေမှာ ရွာဧရိယာဝန်း ကျင်မှာ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကို အခွန်သဘောမျိုးပေးပြီး ခုတ်ကြတာမျိုး တွေ့ရတယ်။

သစ်ခုတ်တာ၊ သယ်တာ ဘယ်လိုနေရာတွေမှာ လုပ်တာများလဲ။စနစ်တကျခုတ်နေတာလား၊ ကြုံရာသဘောမျိုး ခုတ်နေတာလား ဆိုတဲ့အချက်က နယ်စပ်ဒေသတွေမှာ အဖြစ်များမယ်လို့ ထင်တယ်။ ကြုံသလိုခုတ်ကြတဲ့ သဘောပါပဲ။ ဥပမာ နယ်စပ်ဒေသ တမူးဘက်မှာ တော်လှန်ရေးကာလ စကတည်းက မင်းသမီးတောင်က သစ်တောတွေကို သစ်ကုန်သည်တွေက စစ်ကောင်စီကိုရော၊ တော်လှန်ရေးတပ်ဖွဲ့ကိုရော ငွေပေးပြီး ထုတ်ကြတယ်။

၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျံမှု ဖြစ်ပွါးခဲ့ရတဲ့ ရခိုင်ပြည် တောင်ကုတ်မြို့မြင်ကွင်း။

ကာကွယ်ရေးဘက်က ဘယ်လိုမျိုးထိန်းချုပ်တာ ရှိနေမလဲ။ ထိရောက်မှုရှိလား ဆိုတာက တကယ်ကာ ကွယ်စောင့်ရှောက်တဲ့ တပ်ဖွဲ့တွေရှိပေမယ့် အရေအတွက် နည်းလွန်းနေတယ်။မီးသွေး၊ ထင်း၊ ဆောက်လုပ် ရေးအတွက် ဒေသတွင်းပေါက်တဲ့ အပင်ကြီးတွေ အကုန်ခုတ်ကြတာပါပဲ။ အမျိုးအစားအစုံ ခုတ်ကြတယ်။ သစ်ထုတ်လုပ်ရေးမှာ စာရင်းဇယားပြနိုင်တာမျိုးလား။ စာရင်း‌ပျောက် ဖြစ်နေတာမျိုးလား ဆိုတာကတော့ စာရင်းပျောက်များပါတယ်။

စနစ်မကျတဲ့ ခုတ်ယူမှုတွေကြောင့် ဘာတွေဖြစ်လာနိုင်လဲ။ နောက် ၅နှစ်မှာ သစ်တောဧရီယာတွေ ဘာဖြစ်လာနိုင်လဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အပူလွန်ကဲမှုကို ပထမခံစားကြရမယ်။ စနစ်တကျ ထုတ်ယူသုံံးစွဲတာ မဟုတ်တဲ့အတွက် လောင်စာရှားပါးမှုတွေ၊ မိုးမမှန်လို့ သီးနှံအထွက်နှုန်းကျမှု၊ မြေဆီလွှာတိုက်စားမှု၊ ရေလျှံမှုတွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

ယခုနှစ် ဇွန်လ ၅ရက်နေ့ဟာ World Environment Day ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်ကနေစပြီး ကျင်းပလာတာ အခု ၂၀၂၅ ခုနှစ်ဆိုရင် နှစ်ပေါင်း ၅၁ နှစ်ရှိပါပြီ။ ဒီနေ့ဒီအချိန်အထိ သစ်တောသစ်ပင်တွေဟာအကြမ်းဖက်မှု တခုခုကို ကျူးလွန်ကြဖို့ တာစူလုပ်ကိုင်နေကြသူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုကျူးလွန်ဖို့ ကြိုးပမ်းနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ သစ်ပင်တွေကို ခုတ်လှဲပြီး ဝင်ငွေရှာနေကြတာ ဖြစ်ပါတယ်။ အခုလိုသစ်တော၊ သစ်ပင်တွေကို ခြိမ်းခြောက်အကြပ် ကိုင်နေကြသူတွေကို ထိန်းချုပ်ဖို့အတွက်က ခက်ခဲနေဦးမှာ ဖြစ်တဲ့အကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သစ်တော၊ သစ်ပင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အချက်ပေးခေါင်းလောင်းသံ အကြိမ်ကြိမ်ထိုးခဲ့ပြီးဖြစ်ပါတယ်။ အချက်ပေးခေါင်းလောင်းထိုးတဲ့ သတိပေးချက်အဆင့်ကနေ နောက်တဆင့် ထပ်တိုးလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ပဲ ဆိုချင်ပါတယ်။

တာပလု ရေးသားသည်။

5 COMMENTS

  1. Если планируете поездку в Калининград, обязательно посетите Рыбную деревню — это самое атмосферных мест города с отличными ресторанами и потрясающими видами на море. Рыбная деревня Калининград идеально подходит для пеших прогулок и завтраков, а рядом находится основной собор Святых Петра и Павла с его прославленным органом — увлекательное место как для посетителей, так и для знатоков музыки.

    Что касается моря, в Калининграде располагается воды Балтийское море, но полезно учитывать климат и термические показатели воды, особенно зимой. Многие люди волнует вопрос – стоит ли купаться в Калининграде: летом температура относительно комфортная, хотя акулы в Балтийском море отсутствуют, а дикие пляжи Калининградской области великолепно подходят для тех, кто ищет уединение. Полную информацию об отдыхе и памятниках, а также о том, когда стоит ехать, можно ознакомиться здесь орган калининград билеты .

LEAVE A REPLY

Please enter your comment!
Please enter your name here