Home သတင်း မင်းပြားမှာ ကျေးရွာပေါင်း ၁၀ ကျော် ရေဘေးဒဏ်ခံစားနေရ

မင်းပြားမှာ ကျေးရွာပေါင်း ၁၀ ကျော် ရေဘေးဒဏ်ခံစားနေရ

38
0

သတင်း၊ဟိန်းဆက်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာရှိခဲ့ပြီးတော့ မင်းပြားမြို့နယ် အတွင်းက ကျေးရွာပေါင်း ၁၀ ကျော်လောက်ဟာ ရေဘေးဒဏ်ကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ရေဘေးဒဏ်ကို ခံစားနေကြရတဲ့ ကျေးရွာတွေကတော့ လက်ခုတ်၊ ပုလဲတောင်၊ ကပ္ပဲ့ရွာ၊မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံကြီး၊ တံခွန်တိုင် နဲ့ မြင်းတင်မကျေးရွာတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

Photo – Arakan Princess Media
Photo – Arakan Princess Media
Photo – Arakan Princess Media

လက်ရှိ အဲဒီကျေးရွာအတွင်းက နေအိမ်အများစုဟာ ရေနစ်မြုပ်ပျက်စီးတာတွေရှိနေတာကြောင့် ဒေသခံတွေဟာ ချက်ပြုတ်စားသောက်ရေး နဲ့ နေထိုင်ရေးတွေ အတွက်အခက်အခဲတွေ ဖြစ်နေကြတယ်လို့ မင်းပြားဒေသခံ တစ်ဦးက ပြောပါတယ်။

“မိုးတွေက ဆက်တိုက်ရွာတော့ ရေကမြုပ်နေတုန်းပဲရှိနေသေးတယ်။ရေမြုပ်သွားတော့ စားရေးသောက်ရေးအတွက် အခက်အခဲ၊နေထိုင်ရေးအတွက် အခက်အခဲတွေ ရှိတာပေါ့။ရေကတော့ လေးငါးပေလောက်ထိ တက်ခဲ့တယ်။အခုကတော့ အဆင်ပြေသလို ပြောင်းရွှေ့နေထိုင်နေကြတာပေါ့။အကူအညီပေးမှုတွေကတော့လိုတာပေါ့။လူတော်တော်များများကလည်း စစ်ဘေးဒဏ်ခံထားရတာလည်း မကြာသေးတော့ အကုန်လုံးက အဆင်ပြေကြတာတော့ မဟုတ်ဘူး “လို့ သူကပြောပါတယ်။

Photo – Arakan Princess Media

ပြီးခဲ့ရက်ပိုင်းကလည်း မင်းပြားမြို့နယ် အတွင်းက ပန်းမြောင်းချောင်းတလျှောက်လုံးက ကျေးရွာအများစုဟာလည်း ရေနစ်မြုပ်မှုဖြစ်ပွါးခဲ့တာရှိခဲ့ပြီးတော့ လက်ရှိ အဲဒီကျေးရွာ အတွင်းမှာ ရှိတဲ့ ဒေသခံတွေဟာလည်းနေထိုင်စားသောက်ရေး အတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်း အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ကျောက်တော် နဲ့ မောင်တောမြို့တွေက ရပ်ကွက်တချို့ နဲ့ ကျေးရွာ တချို့ဟာလည်း ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရတာလည်း ရှိခဲ့ပါသေးတယ်။

ပုံ _ မင်းပြားရေနစ်မြုပ်နေမှုမြင်ကွင်း။

Photo – Arakan Princess Media

LEAVE A REPLY

Please enter your comment!
Please enter your name here