Home သတင်း ရခိုင်က ရေကြီးရေလျှံမှု ဖြစ်ခဲ့တဲ့ မြို့နယ် ၈ ခုက ဒေသခံတွေ အကူအညီလိုအပ်နေ

ရခိုင်က ရေကြီးရေလျှံမှု ဖြစ်ခဲ့တဲ့ မြို့နယ် ၈ ခုက ဒေသခံတွေ အကူအညီလိုအပ်နေ

50
0

ရခိုင်က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ မြိုနယ် ၈ ခုက ဒေသခံတွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်အသိပေးလာပါတယ်။

အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ မြို့တွေကတော့ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့တွေ ဖြစ်ပါတယ်။

ဒီမြို့တွေမှာပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်းကပင်စတင်ပြီးတော့ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ရေလွှမ်းမိုးမှုရှိခဲ့ပြီးတော့ နေအိမ်များပျက်စီးတာ၊ စပါးခင်းများပျက်စီးတာ၊ လမ်း၊ တံတားများပျက်စီးတာ၊လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်တာကြောင့် လူသေဆုံးမှုတွေ ဖြစ်တဲ့ အထိရှိနေတယ်လို့ HDCO က ဆိုထားပါတယ်။

လက်ရှိ ရေလွမ်းမိုးမှုခံထားရတဲ့ နေရာတွေကို HDCO က သွားရောက်ပြီး တော့ အရေးပေါ်အကူအညီတွေ ဆောင်ရွက်ပေးတာ ရေဘေးသင့်အချက်လအလက်တွေကို ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ HDCO က ကောက်ယူရရှိထားတဲ့ စာရင်းအရ ဒုက္ခသည်စခန်းတွေအပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂ ၄၉) ဦး ရေဘေးသင့်ဒဏ်ခံနေကြရတယ်လို့ ဆိုပါတယ်။

ဒီရေလွှမ်းမိုးခံရတဲ့ နေရာအများစုဟာ အကူအညီရောက်ရှိဖို့အတွက် လက်လှန်းမီရန်ခက်ခဲတဲ့ အတွက် အကူအညီရရှိမှုတွေဟာလည်း နည်းပါးတဲ့ နေရာတွေဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပါအဝင် ကျန်းမာရေးစောင့် ရှောက်မှုတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်းတွေ အနေ နဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ဆက်သွယ်ပြီးတော့ ထိခိုက်ခံရတဲ့ နေရာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here