Home သတင်း သံတွဲမှာ ရပ်ကွက်တချို့ ရေပြန်ကျ ၊ပျက်စီးဆုံးရှုံးမှု မရှိ

သံတွဲမှာ ရပ်ကွက်တချို့ ရေပြန်ကျ ၊ပျက်စီးဆုံးရှုံးမှု မရှိ

60
0
ပုံ - သံတွဲမြို့ချောင်းရေ ကျဆင်းသွားမှု အခြေ အနေ ။

သံတွဲမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းကပင် မိုးအဆက်မပြတ်ရွာသွန်းတာ ရှိခဲ့ပြီးတော့ ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ သံတွဲမြို့ပေါ် ရပ်ကွက်တချို့ နဲ့ သံတွဲချောင်းဖျား တလျှောက်က ကျေးရွာတွေရေနစ်မြုပ်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ရေနစ်မြုပ်မှု ဖြစ်ပွါးခဲ့တဲ့ နေရာက ဒေသခံ တွေကို အာရက္ခတပ်တော် နဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေကို အရေးပေါ်နေရာပြောင်းရွှေ့ပေးတာတွေ လုပ်ဆောင်ခဲ့ရပြီးတော့ လက်ရှိမှာတော့ ရေကျသွားပြီးဖြစ်တယ်လို့ သံတွဲမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ ရေက ကျသွားပြီ စိုးရိမ်စရာတော့ မရှိဘူး လောလောဆယ်မှာ၊မြုပ်တာကတော့ မြေနိမ့်ပိုင်းတချို့ နဲ့ သံတွဲချောင်းဖျားက ကျေးရွာတွေ မြုပ်သွားတယ်။အပျက်အစီးလို့တော့ သိပ်ပြီးတော့ တော့ မရှိဘူး လူတွေကိုတော့ အရေးပေါ်ပြောင်းရွှေ့လိုက်ရတာတွေ ရှိတယ်”လို့ သူကဆိုပါတယ်။

လက်ရှိသံတွဲမြို့အတွင်းမှာ မိုးရွာသွန်းမှုဟာ ရပ်နားနေပြီးတော့ မစိုးရိမ်ရေမှတ်ကို ရောက်ရှိသွားပြီး ဖြစ်တဲ့ အတွက် ဒေသခံတွေဟာလည်း မိမိ နေရပ်မှာ ပြန်လည်း နေထိုင်နေကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းကတည်းကပင် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေ မှာ မိုး အဆက်မပြန်ရွာသွန်းခဲ့တာကြောင့် အဲဒီမြို့နယ်ထဲက ကျေးရွာ (၉၀) ကျော်လောက်က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂ ၄၉) ဦး ရေဘေးသင့်ဒဏ်ခံနေကြရတယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။

အဲဒီရေဘေးဒဏ်ကို ခံစားနေကြရတဲ့ ဒေသခံတွေ အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပါအဝင် ကျန်းမာရေးစောင့် ရှောက်မှုတွေလည်း အရေးပေါ်လိုအပ်မှုတွေလည်း ရှိနေပါတယ်။

အဲဒါကြောင့် ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်းတွေ အနေ နဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ဆက်သွယ်ပြီးတော့ ထိခိုက်ခံရတဲ့ နေရာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here