Home သတင်း ရခိုင်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူ ၂၀ ကျော်သေဆုံးပြီး လယ်ယာမြေ အပါအဝင် နေအိမ်တွေပါပျက်စီးခဲ့ရ

ရခိုင်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူ ၂၀ ကျော်သေဆုံးပြီး လယ်ယာမြေ အပါအဝင် နေအိမ်တွေပါပျက်စီးခဲ့ရ

46
0

ရခိုင်မှာ ပြီးခဲ့တဲ့ ဇွန်လ ကနေပြီးတော့ ဇူလိုင်လအထိ မိုးသည်းထန်းစွာ ရွာ သွန်းခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရတာအပြင် လယ်ယာမြေ နဲ့ နေအိမ်တွေပါ ပျက်စီးခဲ့ရတယ် လို့ HDCO က ထုတ်ပြန်ပါတယ်။

အခုလို မိုးရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ မြို့တွေကတော့တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်မြို့တွေက ကျေးရွာပေါင်း ၁၅၆ ရွာဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီရေဘေးဒဏ်ကြောင့် အဲဒီမြို့နယ် ၈ ခုမှာရှိတဲ့ ကျေးရွာပေါင်း ၁၅၆ ရွာက လယ်ယာမြေတွေ ရေတွင်း၊ ရေကန်များပျက်စီးခြင်းနှင့် လမ်း၊တံတားများပျက်စီးတဲ့အပြင် ရေနစ်တာ ရေစီးနဲ့ မျောပါတာကြောင့် လူ (၂၁) ဦးထိသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးမှုတွေကတော့ မြို့နယ် ၈ ခု ကျေးရွာ ၁၅၆ ရွာထဲကအိမ်ထော င်စု (၉,၇၆၁) စုက လူဦးရေ (၄၂,၄၅၉) ဦး ထိခိုက်မှုရှိခဲ့ရပြီးတော့ နေအိမ် (၅၃) လုံး နဲ့ IDP ရုံးခန်း (၂) ခန်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုထားပါတ ယ်။

ဒါ့အ​​ပြင်​ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်ဧက (၁၈,၈၂၃.၁၂) ဧက ပျက်စီး ဆုံးရှုံးခဲ့ရပြီးတော့ ရေတွင်းရေကန် ၁၈ ခုဟာလည်း ပျက်စီးခဲ့ရသလို ထောင်ချီတဲ့ ကြက်၊ဘဲ၊နွား၊၀က်တွေဟာလည်း သေဆုံးတာရှိခဲ့တယ်လို့ဆိုထားပါတယ်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော မြို့နယ် တွေမှာတော့ လမ်း၊တံတား (၁၃) စင်းပျက်စီးတာခဲ့ရပါတယ်။

အဲဒါကြောင့် ရေဘေးသင့်ဒေသမှာ ရှိနေတဲ့ ပြည်သူတွေကို လက်ရှိအခြေအ နေအရ အရေးပေါ်အကူအညီတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်း HDCO က အသိပေးထားပါတယ်။

HDCO အနေ နဲ့ကတော့ ဒီရေဘေးသင့်ပြည်သူတွေလိုအပ်နေတဲ့ အရေးပေါ် အကူအညီတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း​တွေ၊အလှူရှင်တွေ နဲ့ အတူ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here