CNA၊မြတ်သူ။
ရခိုင်က ဖုန်းလိုင်းပြတ်တောက်နေတဲ့ မြို့တွေမှာ မနေ့ညနေကတည်းကစတင်ပြီးတော့ ဖုန်းလိုင်း တချို့ပြန်ရနေပြီးဖြစ်တယ်လို့ ဒေသသတင်းအရင်အမြစ်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ရခိုင်တောင်ပိုင်းက မာန်အောင်၊တောင်ကုတ်၊ကျောက်ဖြူ ၊ရမ်းဗြဲ နဲ့ အမ်းမြို့တွေ အပါအဝင် ရခိုင်တစ်ပြည်လုံးကို စစ်ကောင်စီက ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံလိုက်ရပါတယ်။
အဲဒီလို လိုင်းတွေဖြတ်တောက်ခံလိုက်ရပြီးတဲ့နောက်မှာတော့မနေ့က ညနေမှာတော့ ဖုန်းလိုင်းတွေ ပြန်လည်ရရှိလာခဲ့တယ်လို့ မာန်အောင်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဖုန်းလိုင်းကတော့ ရပြီ နယ်ဘက်တွေကတော့ အင်တာနက်လိုင်းမရသေးဘူး ဖုန်းလိုင်းကလည်း MPT တစ်ခုတည်းပဲ ရသေးတာဖြစ်တယ်။မြို့မှာတော့ အင်တာနက် နည်းနည်းရနေပြီလို့”သူကပြောပါတယ်။
ရခိုင်မှာတကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် ရခိုင်က မြို့နယ်အများစုကို ဖုန်းလိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်တာတွေ ရှိခဲ့ပေမယ့်ရခိုင်တောင်ပိုင်းက မြို့တွေ ဖြစ်ကြတဲ့ တောင်ကုတ်၊မာန်အောင်၊အမ်း၊ရမ်းဗြဲမြို့နယ် နဲ့ ကျောက်ဖြူမြို့နယ်တွေကိုတော့ အခုလို ဖုန်းလိုင်းအင်တာနက်လိုင်း ဖြတ်တောက်ခဲ့တာတွေတော့ မရှိခဲ့ပါဘူး။
ဒါပေမယ့် ရခိုင်တောင်ပိုင်းက ဂွမြို့နယ်အတွင်း မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်လာချိန်မှာတော့ အခုလို ဖုန်းလိုင်း အင်တာနက်လိုင်းတွေစတင် ပြတ်တောက်လာခဲ့တာလည်းဖြစ်ပါတယ်။
“အရင်တုန်းကတော့ အခုလို လုံးဝကြီးပြတ်သွားခဲ့တာတော့မရှိခဲ့ဘူး။သံတွဲ တိုက်ပွဲပြင်းနေချိန်မှာတောင် ဖုန်းလိုင်းရော အင်တာနက်လိုင်းရော ရတယ်။အခုက ဘာဖြစ်လို့ ဖြတ်လိုက်တာလဲ ဆိုတာကိုတော့ ကျနော်တို့လည်းမသိဘူး။ စိုးရိမ်စိတ်တော့တော်တော်ဖြစ်သွားတယ်ကျနော်တို့ သတင်းအမှောင်ချပြီလားဆိုပြီးတော့ပေါ့လို့”သူကပြောပါတယ်။
အဲဒီလိုဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ချိန်မှာပဲ ဒေသအတွင်းမှာ ကောလဟလသတင်းတွေထွက်ပေါ်တာတွေများစွာရှိခဲ့ပြီး ဒေသခံပြည်သူတွေ အနေ နဲ့လည်းစိုးရိမ်ကြောက်လန့်မှုတွေလည်း များစွာရှိခဲ့ကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိမှာလည်း ဖုန်းလိုင်းသာ ရရှိသေးပြီး အင်တာနက်လိုင်းတွေ မရရှိသေးတာကြောင့် သတင်းအချက်အလက်သိရှိမှုနည်းပါးနေရသလို စီးပွားရေးလုပ်ငန်းတွေ အတွက် ငွေလွဲငွေပို့ လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.