CNA၊နိုဝင်ဘာ၊၂၇။
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ အပေါ်မှာ အသိအမှတ် မပြုဘူးလို့ ဒီနေ့မှာ စစ်ကောင်စီက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာတွေကို ညှဉ်းပန်းသတ်ဖြတ်တာ၊ နှင်ထုတ်တာတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထင်ရှားတာကြောင့် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ ICC ရဲ့ ရှေ့နေချုပ် (Karim AA Khan)က ICC တရားရုံး မှာ လျှောက်ထားခဲ့တာ နဲ့ ပတ်သက်ပြီး စစ်ကောင်စီက အခုလိုတုံ့ပြန်ပြောဆိုလာတာဖြစ်ပါတယ်။
ဒါ့အပြင်စစ်ကောင်စီရဲ့ပြောဆိုချက်ထဲမှာ မြန်မာနိုင်ငံဟာ ICCရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ICC ပြောကြားချက်အပေါ်မှာ ဘယ်သို့ အခါမှ အသိအ မှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
အဲဒါတွေအပြင် မြန်မာနိုင်ငံဟာ ဒေသအတွင်းအပြင် ကမ္ဘာ့နိုင်ငံတွေ နဲ့ ဆက်ဆံတဲ့ နေရာတွေမှာလည်း လွတ်လပ် တက်ကြွပြီးဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံး နေတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ ICC တရားရုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း ဆီးဖို့အတွက် လျှောက်ထားမှုဟာ ပထမဆုံး လျှောက် ထားချက်ဖြစ်ပြီး နောက်ဆက်တွဲတွေလည်း ထပ်လာဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ ICC ရဲ့ ဖမ်း၀ရမ်းလျှောက်လွှာ ဟာလည်း စာရွက်စာတမ်းအထောက် အထား၊ ဓာတ်ပုံ နဲ့ ဗီဒီယိုအထောက်အထား၊သက်သေထွက်ဆိုချက်၊စစ်မှန် တဲ့ သိပ္ပံနည်းကျ တွေအပြင် သက်သေအများအပြားပါဝင်တယ်လို့လည်း ICC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ဒီကိစ္စ ကိုလာမယ့် ရက်သတ္တပတ်နဲ့ လတွေထဲမှာ အလေးထားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။