Home Uncategorized ရခိုင်မှာ ကုန်စျေးနူန်း ဆက်လက် မြင့်တက်မှုတွေရှိနေဆဲ

ရခိုင်မှာ ကုန်စျေးနူန်း ဆက်လက် မြင့်တက်မှုတွေရှိနေဆဲ

67
0

ဧကရီ၊ CNA

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေ နဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာစားသောက်ကုန် စျေးနူန်းများတွေဟာလက်ရှိ အချိန်ထိ ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီက တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် ကုန်လမ်းရေလမ်း တွေကို စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့ထားခဲ့တာကြောင့် ရခိုင်ပြည်သူအများစုဟာ ကုန်စျေးနူန်း အဆမတန်မြင့်တက်နေတဲ့ ဒဏ်ကို ခံခဲ့ကြရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ရခိုင်မှာ စစ်ရေးအရှုံးတွေ နဲ့ ပိုမိုရင်ဆိုင်လာရတာကြောင့် ကုန်စည်စီးဆင်းမှုကို ဆက်တိုက်ပိတ်ဆို့တာတွေ ရှိနေတဲ့ အတွက် စစ်ကောင်စီထိန်းချုပ်နယ်မြေ နဲ့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စားသောက်ကုန်အပါအဝင် အသုံးအဆောင် ပစ္စည်းတွေဟာ အရင်ကထက်ဆယ်ဆ ခန့် စျေးမြင့်တက်နေဆဲဖြစ်တယ်လို့ အာရက္ခတပ်တော်ထိန်း ချုပ်ထားတဲ့နယ်မြေအတွင်းက ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

” အခုက ပစ္စည်းတွေက ရှားတော့မရှားတော့ပါဘူး။ ဒါပေမဲ့ တစ်ရာတန်၊ နှစ်ရာတန်တဲ့ ပစ္စည်းတွေက မရှိတော့ဘူး။ သရေစာက အစ ၅၀၀က နေစတယ်။ အခုထိ ထပ်တက်တုန်းပဲ။” လို့သူကဆိုပါတယ်။

တခိုင်တကျော့ပြန်တိုက်ပွဲ မဖြစ်ခင်မှာ ဆီတစ်လီတာ ၂၄၀၀ ကျပ်သာရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွါးပြီးတဲ့ နောက်မှာတော့ မြို့နယ်အလိုက် ဆီတစ်လီတာကို ၁၂၀ ၀၀ကျပ်ကနေ ၃၀၀၀၀ ထိရှိခဲ့ပြီး၊ငရုပ်သီးခြောက် တ​ပိဿာ ကိုတော့ ၇၀၀၀ ကျပ်ကနေ ၃၀၀၀၀ကျပ်၊ ကြက်သွန်နီ တ​ပိဿာကိုတော့၁၂၀၀ ကျပ်ကနေ
၅၀၀၀၀ ကျပ် စသည့်ဖြင့် အဆမတန် စျေးမြင့်တက်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒေသခံတွေ အနေ နဲ့ အလုပ်အကိုင် မရှိတာကြောင့် စားဝတ်နေရေးပိုင်းတွေမှာ ပိုမိုအခက်အခဲ ကြုံနေကြရတယ်လို့ဆိုပါတယ်။

” ဝင်ငွေက တစ်ခုမှ မရှိဘူး။ ရှိတဲ့ ရွှေတွေကို ပေါင်းနှံပြီး စားသောက်ရေးကို ဖြေရှင်းရတယ်။ ဆန်စျေးမတက်တာကို ကျေးဇူးတင်ရမယ်။ ထမင်းကတော့ နပ်မှန်သေးတယ်။ အသားငါးကတော့ မဝယ်စားနိုင်ဘူး။” ဟု စစ်တွေမှ စစ်ရှောင်နေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

လက်ရှမှာ အာရက္ခတပ်တော်ဟာ တစ်နှစ်ကျော်တိုက်ပွဲကာလအတွင်းမှာ ရခိုင်က မြို့နယ် ၁၃ခု နဲ့ ပလက်ဝဒေသကို အပြီးသတ်ပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။

ပုံ၊CNA

LEAVE A REPLY

Please enter your comment!
Please enter your name here