Home Uncategorized အဖွဲ့အစည်း ၁၇ဖွဲ့ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကိုအထူးကျေးဇူးတင်ကြောင်း TNLAထုတ်ပြန်

အဖွဲ့အစည်း ၁၇ဖွဲ့ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကိုအထူးကျေးဇူးတင်ကြောင်း TNLAထုတ်ပြန်

45
0

CNA၊ ဇန်နဝါရီ၊ ၁၃။

ဇန်နဝါရီလ ၁၂ရက်နေ့တုန်းက ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာတွေပေးပို့ခဲ့ကြတဲ့ အဖွဲ့အစည်း ၁၇ဖွဲ့ကို အထူးကျေးဇူးတင်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက ထုတ်ပြန်လာပါတယ်။

(၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာမြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)တို့ရဲ့ ပူးတွဲသဝဏ်လွှာ၊အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) – (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLF//DPLA၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားလက်ရုံးတပ်တော် – SAF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် – BPLA၊ ကျောင်းသားလက်ရုံးတပ်မတော်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Nationwide Air Scout (NAS) Burma၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ၊ Generation Z Army (GZA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျုဟာနဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့က ဂုဏ်ပြုသဝဏ်လွှာတွေပေးပို့ခဲ့ကြတာဖြစ်ပါတယ်။

TNLAအနေနဲ့ အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အပါအဝင် တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝလွတ်မြောက်ရေးနဲ့ တအာင်းပြည်နယ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့အကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မဟာမိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်‌ရေး အဖွဲ့အစည်းအသီးသီးက ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို မှတ်တမ်းတင်ထားပြီး အထူးကျေးဇူးတင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တအာင်းအမျိုးသားတော်လှန်ရေးနေ့ (၆၂) နှစ် ပြည့်နေ့မှာ PSLF/TNLA ဟာ မြန်မာပြည်တဝှမ်းလုံးက တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဟန်ချက်ညီစွာ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြောက်ပိုင်းညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAAနဲ့ AAတို့ကလည်း TNLAရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အလုံးစုံအထမြောက်တဲ့အထိအားထုတ်ဖို့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ (၆၂) နှစ် ပြည့်နေ့မှာပဲ သဝဏ်လွှာပေးပို့ တိုက်တွန်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here