Home Uncategorized စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၆ထောင်ကျော်သေဆုံးခဲ့တယ်လို့ AAPPထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၆ထောင်ကျော်သေဆုံးခဲ့တယ်လို့ AAPPထုတ်ပြန်

33
0

CNA ၊ ဇန်နဝါရီ၊ ၁၈။

၂၀၂၁ခုနှစ် မတရား စစ်အာဏာလုချိန်ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့အတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၆၁၈၆ ဦးအထိ သေဆုံးခဲ့ရတယ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကထုတ်ပြန်လာပါတယ်။

AAPPရဲ့ ကောက်ယူထားသော သတင်းအချက်အလက်တွေအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့အတွင်း စစ်ကောင်စီကြောင့် အသက် ၁၈နှစ်အောက် သေဆုံးသူအရေအတွက်ဟာ ၆၉၃ဦးအထိရှိခဲ့တာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၈နှစ်အောက်သေဆုံးသူအရေအတွက်ဟာ၂၀၂၁ ခုနှစ်မှာ ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၀၈ ဦးနဲ့ ၂၀၂၄ ခုနှစ်မှာ ၂၄၈ ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေဟာ AAPPက လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်တွေသာဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေဟာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီးဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၂၆၅ ဦးအထိရှိခဲ့ပြီး၊ အဲ့ဒီ အထဲက၂၁၅၅၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း AAPPကထုတ်ပြန်ပါတယ်။ ထိန်းသိမ်းခံနေရ သူတွေထဲက ၁၀၀၂၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here