ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေ နဲ့ နိုင်ငံတော်အလံကို တစ်ပတ် တိတိ တစ်ဝက်သာလွှင့်ထူသွားမယ်လို့ စစ်ကောင်စီကဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီအစီအစဉ်ကို မတ်လ ၃၁ရက်ကနေပြီးတော့ စတင်ကာ ဧပြီလ ၆ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအပေါ် စာနာနားလည်မှုနဲ့အတူ ထပ်တူခံစားရတဲ့အတွက် အခုလို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို သတ်မှတ်လိုက်တာလို့လည်းဆိုထားပါတယ်။
ဒါ့အပြင် မတ်လ ၂၈ ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် စာရင်းတွေ အရ ဒီနေ့ မတ်လ ၃၁ ရက်နေ့ထိ သေဆုံးသူ ဦးရေဟာ ၁၇၀၀ကျော်ထိ ရှိနေပြီးဖြစ်သလို ဒဏ်ရာရရှိသူဦးရေဟာလည်း ၃၄၀၀ကျော်ထိရှိနေပြီးတော့ ပျောက်ဆုံးနေသူကတော့ ၃၀၀ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တချို့နေရာဒေသတွေမှာလည်း လက်ရှိအချိန်ထိ ကယ်ဆယ်ရေး အဖွဲ့တွေ မရောက်ရှိသေးတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်သေးတဲ့ အတွက် စစ်ကိုင်းလို နေရာတွေမှာ အပုပ်နံ့တွေ ထွက်လာနေတဲ့ အထိရှိနေပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.
Found that site while skimming regional home improvement sections, and feels clear, making checking options smooth.
https://wellspring.edu/nutrition-and-wellness/step-step-role-walkability-personal-health/