CNA ၊ဂူးဂူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ ညနေမှာ အာရက္ခတပ်တော်ရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ထားတဲ့ တောင်ကုတ် ကိုင်းရှည်တံတားပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းက တပ်ဖွဲဝင် ၃ ဦးဟာ လက်နက်အပြည့်အစုံအတူ ထွက်ပြေးသွားတာ ရှိတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေ ဆီကသိရပါတယ်။
အဲဒီစစ်ကောင်စီတပ်သား ၃ ဦးဟာ စခန်းအတွင်း ကင်းစောင့်နေရာကနေ အခုလို လက်နက်အပြည့်အစုံ နဲ့ထွက်ပြေးသွားတာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေက အဲဒီထွက်ပြေးသွားတဲ့တပ်သား ၃ ဦးကို လိုက်လံရှာဖွေနေတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ထွက်ပြေးသွားတယ်ဆိုတာတော့ အမှန်ဗျ မနေ့က စစ်သားတွေလိုက်ပြီးရှာကြတယ်။သူတို့ တပ်သားတွေထွက်ပြေးသွားတယ် တွေ့မိလားဆိုပြီး ရပ်ကွက်တွေမှာလိုက်မေးတာတွေ ရှိတယ်။ ၃ ယောက်ထွက်ပြေးသွားတယ်လို့ပြောတယ်။ကင်းစောင့်နေရင်း နဲ့ ထွက်ပြေးသွားတာလို့ ပြောတယ်လို့“သူကဆိုပါတယ်။
တောင်ကုတ်မြို့နယ် အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အေအေ ရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်ရမှာကို စိုးရိမ်နေတဲ့ အတွက် အရင်းကတည်းကပင် ထွက်ပြေးမှုတွေလည်း အများအပြား ရှိနေခဲ့တယ်လို့ အဲဒီဒေသသတင်းအရင်း အမြစ်တွေကပြောပါတယ်။
“ပြေးတာကတော့ အခုမှ ပြေးတာတော့ မဟုတ်ဘူး စစ်ကောင်စီတပ်သားတချို့ကတော့ အရင်ကတည်းကပင်လည်းပြေးနေကြတာ ဒေသခံတွေ အနေနဲ့သာ အရမ်းမသိတာ။ခမရ ၅၄၄ ၊ ခမရ ၃၄၆ တပ်တွေထဲကလည်းပြေးတာတွေ ရှိတယ်။ပြီးခဲ့တဲ့ ရက်ကလည်း အဲဒီစခန်းက လက်နက်ကြီးပစ်ကူပေးတာ ကိုယ့်အနားကို ကိုယ်ပြန်ကျပြီးတော့ သူတို့တပ်သားတွေ သေတာရှိတော့ သူတို့လည်း မနေရဲတော့လို့ ထွက်ပြေးတာဖြစ်မယ်လို့” သူကဆက်လက်ပြော ဆိုပါတယ်။
အာရက္ခတပ်တော် ဟာ တောင်ကုတ်မြို့နယ်အတွင်းက ပန်းမြောက်တောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးစခန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့ညနေမှာတော့ အဲဒီပန်းမြောက်တောင်က လက်နက်ကြီးစခန်း ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။
အဲဒီနောက် ပန်းမြောက်တောင် စခန်းကထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်တွေဟာ သိမ်းတောင်ရပ်ကွက်ဝေဠုဝန်ကျောင်း အနီး ကတောင်မှာတပ်စွဲ နေထိုင်နေတာတွေ ရှိနေပြီး အဲဒီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီနေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေဆက် လက်ဖြစ်ပွါးနေတာတွေ ရှိနေတယ်လို့ တောင်ကုတ်ဒေသသတင်းအရင်းအမြစ်ကဆိုပါတယ်။
“အဲဒီပန်ဒမြောက်တောင်အောက်က ကြိုးကြာကွင်းဆည်အနီးမှာ ဒီနေ့တိုက်ပွဲဖြစ်နေတယ်။အဲဒီပန်းမြောက်တောင်က ထွက်ပြေးလွတ် မြောက်လာတဲ့ အကောင်တွေနဲ့ ဖြစ်နေတာ။စစ်ကောင်စီကတော့ လက်နက်ကြီးပစ်ကူပေးနေတယ်။တိုက်ပွဲကတော့ ဖြစ်နေကြတယ်လို့” သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။
အဲဒီနောက် သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူ၊စစ်တွေ နဲ့မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ် ပြန်ပြောဆိုထားပါတယ်။