Home သတင်း စစ်ရေး င်းအောင်လှိုင် နဲ့ အပေါင်းအပါတွေ ရုရှားကိုဒီရက်ပိုင်းသွားဖို့ရှိနေ

င်းအောင်လှိုင် နဲ့ အပေါင်းအပါတွေ ရုရှားကိုဒီရက်ပိုင်းသွားဖို့ရှိနေ

69
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အပေါင်းအပါတွေဟာ ဒီရက်ပိုင်းအတွင်းမှာ ရုရှားနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီရက်ပိုင်းအတွင်းမှာ သွားရောက်မှာဖြစ်တယ်လို့ဆိုထားပါတယ်။

အဲဒီခရီးစဥ်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်တစ်ယောက်တည်း သွား ရောက်မှာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အဆင့်မြင့် အရာရှိတွေလည်း ပါဝင်မယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် အဲဒီခရီးစဥ်အတွင်းမှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံ‌ဆွေးနွေးတာ၊ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ နဲ့တွေ့ဆုံဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေ နဲ့ နှစ်နိုင်ငံအစိုးရ နဲ့ ပြည်သူတွေ အကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေ အပါအဝင် ကဏ္ဍပေါင်းစုံက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကိုလည်း ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားဖို့လည်းရှိတယ်လို့ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအတွင်းက အရပ်သားအစိုးရကို မတရားအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ်တွေကလည်း ရုရှားနိုင်ငံကို ၃ ကြိမ်ထိသွားရောက်တာရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် အနေ နဲ့ အခုလို ရုရှားနိုင်ငံကို မကြာခဏ သွားရောက်နေတာဟာ မတရားအာဏာသိမ်းမှုကို လက်မခံဘဲ လက်နက်ကိုင် ဆန့်ကျင်နေသူတွေကို နှိမ်နင်းနိုင်ဖိုအတွက်တိုက်ခိုက်ရေး နည်းပညာတွေ အပြင် စစ်လက်နက်တွေနဲ့ စစ်လေယာဥ်တွေကို ဝယ်ယူနိုင်ဖို့အတွက် အခုလို မကြာခဏဆိုသလို သွားရောက်နေတာဖြစ်တယ်လို့လည်း နိုင်ငံရေး လေ့လာ သုံး သပ်သူတွေက ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here