
CNA ၊ ဂူးဂူး။
မနေ့က မတ်လ ၁၀ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီဟာ ကျောက်ဖြူမြိုအတွင်း က စနဲတိုက်နယ်ပြည်သူ့ဆေးရုံ နဲ့ ကပ်သပြေကျေးရွာကို ဒရုန်း တဲ့ ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီလို ဒရုန်း နဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စနဲတိုက်နယ်ပြည်သူ့ဆေးရုံ အတွင်းက ဓာတ်ခွဲခန်းအတွင်းကို ကျရောက်ပေါက်ကွဲပြီးတော့ ဓာတ်ခွဲခန်းတစ်ခုလုံး ပျက်စီးသွားခဲ့ရပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလိုဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ စစ်ကောင်စီတပ်တွေဟာ မတ်လ ၁၀ ရက်နေ့ မနက် ၂ နာရီကျော်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လိုလည်း ဆိုပါတယ်။
အဲဒီလို ပဲမတ်လ ၁၀ ရက်နေ့ ညနေ ၃ နာကျော်လောက်မှာ ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်စခန်းက ကပ်သပြေကျေးရွာကို ဒရုန်း နဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ အတွင်းက နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဘသိန်းအောင်ဆိုသူမှာ ဗုံးစထိမှန်ကာ ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို ဒေသ သတင်းရင်းမြစ်တွေက ဆိုပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြိုအတွင်းက ကြတ္တိန်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ တစီး နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃၅ အိမ်ထက်မနည်း မီးလောင်ပျက်စီးတာ ရှိခဲ့ရပြီး မတ်လ ၅ ရက်နေ့မှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြိုအတွင်းက ဦးကင်းကျေးရွာကို ဒရုန်း နဲ့ ဗုံး အလုံးရေ ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော်ထက်မနည်းဟာ မီးလောင်ပျက်စီးခဲ့ရပါတယ်။
ကျောက်ဖြူမြိုနယ်အတွင်းမှာ စစ်ကောင်စီ တပ်တွေ နဲ့ အာရက္ခတပ်တော်တိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပြီးတော့ စစ်ကောင်စီ ဟာ ကပ်သပြေ၊ဦးကင်း၊စည်မော်၊ ကြတ္တိန်၊ ရှောက်ချောင်း၊စိုင်ခြုံ၊စစ်တောရွာ နဲ့ သစ်ပုတ်တောင်ကျေးရွာ အနီးတဝိုက်ကို နေ့တိုင်းဆိုသလို ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီး တွေ နဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်နေတဲ့ အတွက် ပြည်သူပိုင် နေအိမ် ၂၀၀ ထက်မနည်းဟာ မီးလောက်ပျက်စီးသွားရပြီးဖြစ်တယ်လို ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တဖက်မှာလည်း အဲဒီကျေးရွာတွေက စစ်ရှောင်ထွက်သွားကြရတဲ့ စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၂၀၀၀၀ ကျော်လောက်ဟာ စစ်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေက ကျေးရွာတွေ မှာ အဆင်ပြေသလို နေထိုင်နေကြရပြီး စားသောက်ရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတဲ့ အတွက် စားသောက်ရေးအတွက် အကူအညီတွေ ပေးဖို လိုအပ်နေတယ်လိုလည်း ဒေသကူညီရေးအဖွဲတွေက CNA ကို ပြောဆိုထားပါတယ်။


လက်ရှိ အာရက္ခတပ်တော် ရဲ့ ထိုးစစ်တွေ ဟာ တဖြေးဖြေး နဲ့ ကျောက်ဖြူမြို အနီးတဝိုက်ထိ ရောက်ရှိလာနေတာကြောင့် ဒေသ အတွင်းမှာ ရှိနေတဲ့ ဒေသခံပြည်သူတွေဟာ စစ်ပွဲ နဲ့ဘေးလွတ်ရာနေရာတွေကို ရှောင်တိမ်ကြဖို့ ကြိုးစားလုပ်ဆောင်နေကြပေမယ့် စစ်ကောင်စီကဒေသအတွင်းမှာ ရှိနေတဲ့ ကျေးရွာတွေကို ရှောင်တိမ်သွားခွင့် မပေးပဲ ပိတ်ဆို့ထားတာကြောင့် ဒေသအတွင်းမှာပဲ ပိတ်မိနေကြရပြီး ငွေကြေးတတ်နိုင်တဲ့ ပြည်သူတချို့ကတော့ လေယာဉ် နဲ့ ပြည်မ ဒေသတွေကို စစ်ဘေးရှောင်ထွက်နေတာလည်း ဆက်တိုက်ရှိနေတယ်လို သိရပါတယ်။