(ဗိုလ်မှူး ဝင်းလှိုင်ဦး နဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် တပ်သား ၁၄ ဦးကိုပါ ဖမ်ဆီးရမိခဲ့)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြိုနယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီအင်အား ၂၀၀ ပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံးခဲ့ရပြီး တပ်သား ၁၄ ဦးကိုပါ ဖမ်ဆီးရမိခဲ့တယ်လို့ မတ်လ (၁၁) ရက်နေ့မှာ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်လာပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေဟာ မတ်လ (၉) ရက်နေ့ ကျတွင်းဘိုးရွာ အနောက်တောင်ဘက် အရောက်မှာ တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီ အင်အား (၂၀၀) ခန့်ပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးခဲ့သလို ဗိုလ်မှူး ဝင်းလှိုင်ဦး နဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် စစ်ကောင်စီ တပ်သား ၁၄ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီ စစ်ကောင်စီတပ်ဆီက လက်နက် (၄၄) လက် (MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပိုကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ပြောဆိုထားပါတယ်။
အဲဒီတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီကလည်း မိတ္ထီလာ နဲ့ တံတားဦး လေဆိပ်က တက်လာပြီး ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်း (၂) ကြိမ် တိုက်ခိုက်ခဲ့တာကို ပြုလုပ်ခဲ့တဦရှိခဲ့ပြီး တိုက်ပွဲအတွင်းမှာလည်း တော်လှန်ရေးတပ်တွေ ပကဖ ရဲဘော် (၂) ဦးဟာလည်း တိုက်ပွဲ အတွင်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။