ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ကဗျာဆရာလည်းဖြစ် တဲ့ ဦးဦးလှစော (ခ) မောင်ခိုင်အောင်ကွယ်လွန်သွားခဲ့ရတာဟာ ခိုင်တိုင်းရင်းသားတွေ နဲ့ အာရက္ခတပ်တော် အတွက် ဆုူးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ TNLA က ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။
ဦးဦးလှစော(ခ)မောင်ခိုင်အောင် ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ကင်ဆာရောဂါ နဲ့ ဆေးကုသခံယူနေရာကနေ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပြီးတော့ သူကွယ်လွန်ချိန်အထိ ဦးဦးလှစော(ခ)မောင်ခိုင်အောင် အာရက္ခတပ်တော် ULA/AA ဆီမှာ နိုင်ငံရေးမှူးအဖြစ် နဲ့ တာဝန်ထမ်းဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ စစ်အာဏာရှင်ချုပ်ငြိမ်ရေးအတွက် အစဉ်ကြိုးပမ်းနေပြီး ရက္ခိုင့်အနာဂတ်လူမျိုးတွေအပေါ် အာရက္ခအမျိုးသားရေး စိတ်ဓာတ်ကြိုးစားမြှင့်တင်တာနဲ့ ရက္ခိတလမ်းစဉ်ကိုင်စွဲပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အာရက္ခပြည်ကို ပုံဖော်ဖို့ကြိုးပမ်းတည်ဆောက်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာကို ဦးဆောင်ပေးနေတဲ့ အဓိက ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ ရခိုင်တိုင်းသားတွေ နဲ့ အာရက္ခတပ်တော် ULA/AA အဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ဦးဦးလှစော ရဲ့ ရခိုင်လူမျိုး နဲ့ အာရက္ခပြည်သူတွေ အပေါ်မှာ ထားတဲ့ မျိုးချစ်စိတ်ဓာတ်ဟာ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်နိုင်ဖို့ အတွက် တိုက်ပွဲဝင် တော်လှန်နေကြတဲ့ အဖွဲ့အစည်းအတွက် စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်လို့ TNLA က ဆိုထားပါတယ်။
ဦးဦးလှစောဟာ ၁၉၆၉ ခုနှစ် စက်မှုတက္ကသိုလ်ကျောင်းသားကတည်းကပင် နိုင်ငံရေးတွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ကျောင်း ၂ နှစ်တာထုတ်ပယ်ခြင်းကိုလည်းခံခဲ့ရပြီးတော့ ၁၉၇၉ ခုနှစ်မှာ ထောင်ဒဏ် ၉ နှစ်တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်မှာ ထောင်ဒဏ် ၁၄ နှစ် တစ်ကြိမ် စသဖြင့် စစ်အာဏာရှင်အဆက်ဆက်ဆီမှာ အကြိမ်ကြိမ်ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။
အဲဒီလို အကြိမ်ကြိမ်ဖမ်းဆီးအကျဉ်းချတာ၊ညှင်းပန်းနှိပ်စက်တာ၊ဖိနှိပ်တာတွေကို ဦးမညွတ်ပဲ ရခိုင်အမျိုးသားရေး၊ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်အာရက္ခပြည်တည်ဆောက်ရေး အတွက်ကို နိုင်ငံရေးသမား၊စာရေးဆရာ၊ကဗျာဆရာ၊လွတ်တော်ကိုယ်စလှယ် နဲ့ ULA/AAနိုင်ငံရေးမှူးဆိုတဲ့ မြင့်မြတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး အာရက္ခပြည် နဲ့ အမျိုးအပေါ်မှာတန်ဖိုးထားချစ်မြတ်နိုးမှုကို TNLA အနေ နဲ့ ထာဝစဉ် ဂုဏ်ပြု မှတ်တမ်းတင်တယ်လို့လည်း ဆိုထားပါတယ်။
ဦးဦးလှစောဟာ ၁၉၅၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ မြောက်ဦးမြို့နယ် ဖခင် ဦးအောင်လှဇံ၊ မိခင် ဒေါ်စံသာဖြူတို့ကနေ မွေးဖွားခဲ့တာဖြစ်ပြီးတော့ သူကွယ်လွန်သွားချိန်မှာ အသက် ၇၂ နှစ်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။





Your article helped me a lot, is there any more related content? Thanks!
**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.