Home နိုင်ငံရေး ကျောက်ဖြူမှာ ရခိုင်တိုင်းရင်းသားများ – RNP ပါတီက ဗဟိုရုံးချုပ် နဲ့ မြို့နယ်ရုံးကို ဖွင့်လှစ်

ကျောက်ဖြူမှာ ရခိုင်တိုင်းရင်းသားများ – RNP ပါတီက ဗဟိုရုံးချုပ် နဲ့ မြို့နယ်ရုံးကို ဖွင့်လှစ်

106
1

စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် ရခိုင်ပါတီတစ်ခု ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ- RNP ပါတီ ဗဟိုရုံး ချုပ် နဲ့ ကျောက်ဖြူမြို့နယ် ရုံးကိုပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ မှာ ကျောက်ဖြူမြို့နယ် အတွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့ ပါတီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကပြောပါတယ်။

ဒီ ရခိုင်တိုင်းရင်းသားများ- RNP ပါတီကိုကျောက်ဖြူမြို့နယ်အတွင်းက လွတ်တော်ကိုယ်စလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဘရှိန်က တည်ထောင်ထားတာဖြစ်ပြီးတော့ ဒီလာမယ့် ဒီဇင်ဘာလအထဲမှာ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် RNP ဗဟိုရုံးချုပ်နဲ့ ကျောက်ဖြူမြို့နယ်ရုံးကို တပါတည်း ကျောက်ဖြူမြို့အတွင်းမှာ ရှိတဲ့ ပါတီခေါင်းဆောင် ဦးဘရှိန်နေအိမ်မှာ မနေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ ပါတီ နဲ့ နီးစပ်သူ တစ်ဦးက အခုလို ပြောပါတယ်။

“စစ်တွေမှာက ဘူးသီးတောင်မြို့အတွက်ပါ ရုံးဖွင့်ဖို့ရှိတယ်။ဒီ ၃၀ ရက်နေ့လို့လည်းပြောတယ် တိတိကျကျတော့ မသိရသေးဘူး။ကျောက်ဖြူမှာ ဖွင့်တာက မြို့နယ် ၅ ခုအတွက် ရုံးချုပ်ကိုဖွင့်တယ် ပြီးတော့ ကျောက်ဖြူမြို့နယ်ရုံးကို ဖွင့်တယ် ၅ မြို့နယ်ထဲမှာ ပါတဲ့ ရမ်းဗြဲရုံးကိုက ကျောက်ဖြူမှာ တွဲပြီးတော့ ဖွင့်တယ်။မာန်အောင်မှာကတော့ မာန်အောင်ဖွင့်မရဘူးဆိုရင် မာန်အောင်ရုံးကိုလည်း ကျောက်ဖြူမှာ တွဲပြီးတော့ဖွင့်ဖို့ ရှိတယ်လို့ သိရတယ်”လို့ သူကပြောပါတယ်။

ဒီကျောက်ဖြူမြို့က ပါတီရဲ့ ဗဟိုရုံးချုပ် နဲ့ မြို့နယ်ရုံးကို ပါတီခေါင်းဆောင် ဦးဘရှိန်ကိုတိုင် တက်ရောက်ပြီးတော့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ စစ်တွေ နဲ့ ဘူးသီးတောင်မြို့အတွက် ပူးတွဲရုံးကို ဒီရက်ပိုင်းအတွင်း ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာ ရှိနေတယ်လို့ လည်း အဲဒီပါတီ နဲ့ နီးစပ်တဲ့ သူကဆိုထားပါတယ်။

RNPကို စစ်ကော်မရှင်လက်အောင်ခံဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၄ ရက်နေ့ မှာ ပါတီကိုမှတ်ပုံတင်ခွင့်ပြုလိုက်ပြီးနောက်မှာ လာမယ့်ဒီဇင်ဘာလ ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မှာ ပါဝင်နိုင်ဖို့ စတင်ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။

စစ်ကော်မရှင်ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်က မြို့နယ် ၃ မြို့နယ် ထဲက ကျောက်ဖြူ နဲ့ စစ်တွေ မြို့တွေမှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ရဲ့ တိုက်ပွဲတွေဟာလည်း နေ့စဉ်လိုလို ဖြစ်ပွါးနေတာ ရှိနေပြီးတော့ စစ်ကော်မရှင်ကကျင်းပမယ့်ရွေးကောက်ပွဲ ဒီမြို့နယ်တွေမှာ ဖြစ်နိုင်ဖို့ အခြေအနေ ရှိမရှိဆိုတဲ့ အပေါ် ပြည်တွင်းထဲမှာ ရှိနေတဲ့ ရခိုင်လွတ်တော်ကိုယ်စလှယ်ဟောင်းတစ်ဦးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“ရွေးကောက်ပွဲကတော့အောင်မြင်ဖို့ကိုများတယ် ။ ကျောက်ဖြူ၊မာန်အောင် နဲ့ စစ်တွေမှာရသလောက်နဲ့လုပ်ဖို့ရှိတယ် အဓိက မဲအရေအတွက်အနည်းအများနဲ့မဆိုင်ဘူး ရန်ကုန်မှာရှိနေတဲ့ လူတွေကိုလည်းသက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်မဲပေးချင်ရင် ရတယ်လို့ ပြောတယ်။ ကိုဘရှိန်ကတော့ တော်တော်များများစည်းရုံနေတယ် ရန်ကုန်မှာ”လို့ သူက ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်၊နိုင်ငံတော်ယာယီသမ္မတ လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီလာမည့် ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းဟာ လွှတ်တော်ကိုတက်ရောက်နိုင်ဖို့ အတွက် ရည်မှန်းပြီးတော့ ဆောင်ရွက်နေတယ်လို့ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးထဲမှာ ပြောဆိုထားခဲ့တာလည်းရှိပါတယ်။

ရခိုင်ပြည်ကိုယ်စားပြုအနေ နဲ့ ဒီစစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ- RNP ပါတီ အပါအဝင် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ပါတီ ၅ ခုထိရှိနေတာလည်းဖြစ်ပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here