Home သတင်း ရခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ပျက်ရေပြုပြောဆိုခဲ့တဲ့ တနင်္ဂနွေ နဲ့ အဖွဲ့ကို အရေးယူပေးဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၂ ဖွဲ့တောင်းဆို

ရခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ပျက်ရေပြုပြောဆိုခဲ့တဲ့ တနင်္ဂနွေ နဲ့ အဖွဲ့ကို အရေးယူပေးဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၂ ဖွဲ့တောင်းဆို

9
0

Coastal News Agency

ပြီခဲ့တဲ့ မတ်လ ၁ ရက်နေ့က Social media Facebook ပေါ်မှာ ရခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီး ပျက်ရေပြုပြောဆိုခဲ့တဲ့ တနင်္ဂနွေ နဲ့ အဖွဲ့ကို ထိရောက်စွာအရေးယူပေးဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၂ ဖွဲ့ကတောင်းဆိုကြောင်းသတင်းထုတ်ပြန်လာပါတယ်။

ရခိုင်လူငယ်အဆိုတော် တစ်ဦးဖြစ်တဲ့ တနင်္ဂနွေ အပါအဝင် လူငယ် ၄ ဦးဟာ ကျောက်တော်မြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ ဂစ္စပနဒီတံတားထက်မှာ ရခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

“ရခိုင်သမချေတိက ချစ်ဖို့လေ့ကောင်းရေပိုင် စားဖို့လေ့ကောင်းရေ ယားမှာတစ်ကွက် ” ဆိုကာ ပြောဆိုထားတာဖြစ်ပြီးတော့ ဒီရုပ်သံဖိုင်ကို မတ်လ ၁ ရက်နေ့မှာ Ko Thet အမည်ရှိFacebook စာမျက်နှာကနေ စတင်ဖြန့်ဝေခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး Social media Facebook ပေါ်မှာ ဝေဖန်မှုတွေ များစွာရှိလာခဲ့ပြီးတဲ့ နောက်မှာတော့ အခုလို အရေးယူဆောင်ရွက်ဖို့အတွက်ထိကို တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒီပြောဆိုမှု နဲ့ ပတ်သက်ပြီးအရေးယူဆောင်ရွက်ပေးတာတွေလုပ်ဆောင်ပေးဖို့ အတွက် တောင်းဆိုထားတဲ့ ရခိုင်လူမှု အဖွဲ့အစည်း ၂ ဖွဲ့ကတော့ မင်းပြားလူငယ်များအစည်းအရုံး (MBYA) နဲ့ ကျောက်တော်လူငယ်များအစည်းအရုံး (KTYA) တို့ဖြစ်ကြပြီးတော့ ဒီပြောဆိုမှုဟာ အမျိုးသမီးတွေအပေါ်မှာ အဖက်ဖက်ကနှိပ်ချဆက်ဆံခြင်းတစ်ရပ်ဖြစ်သလို အမျိုးသမီးများအပေါ် လေးစားမှု နဲ့ တန်ဖိုးထားမှုကို ထိခိုက်စေတဲ့ အတွက် အခုလိုအရေးယူဆောင်ရွက်ပေးဖို့ကို တောင်းဆိုရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here