Home သတင်း စစ်ရေး BRI စီမံကိန်း စတင်နိုင်ဖို့အတွက် တရုတ်က အေအေကိုခေါ်ယူ တွေ့ဆုံဖို့ရှိနေ

BRI စီမံကိန်း စတင်နိုင်ဖို့အတွက် တရုတ်က အေအေကိုခေါ်ယူ တွေ့ဆုံဖို့ရှိနေ

14
0
ပုံ - မဒေးကျွန်းစီမံကိန်းမြင်တွေ့ရမှု(အွန်လိုင်း)

Coastal News Agency

တရုတ်နိုင်ငံရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ခေတ်သစ်ပိုးလမ်းမ (Belt and Road Initiative) လို့ခေါ်တဲ့ BRIစီမံကိန်းပြန်လည် အကောင်အထည် ဖော်လုပ်ဆောင်နိုင်ဖို့အတွက် အာရက္ခတပ်တော် အေအေ ကို တရုတ်ကသီးသန့်ခေါ်ယူတွေ့ဆုံဖို့ရှိနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ တရုတ်ကိုယ်စလှယ်အဖွဲ့တွေဟာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA၊UWSA ၊SSPP/SSA တပ်ဖွဲ့တွေ နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ အာရက္ခတပ်တော် အေအေ နဲ့ အခုလို တွေ့ဆုံမှုလုပ်ဆောင်ဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။

“ရက်ကတော့မသိရသေးဘူး ဒီကြားထဲမှာတော့ တွေ့ဆုံဖို့ရှိတယ် အဓိကတော့ လမ်းမကြီးကိစ္စ နဲ့တွေ့ဆုံမှာလို့သိရတယ် တရုတ်ကသူတို့ဘာလုပ်ချင်တယ် ဘာတွေဘာတွေလိုအပ်တယ် ဒီဟာတွေကို တွေ့ဆုံမှာဖြစ်တယ်”လို့သူကပြောပါတယ်။

ဒါပေမယ့် ဒီတွေ့ဆုံမှု နဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ရဲ့ သဘောထား အခြေအနေကို မသိရသေးသလို တွေ့ဆုံဖို့ရှိတယ် ဆိုတဲ့ အကြောင်းကိုလည်း ထုတ်ပြောလာတာမရှိသေးပါဘူး။

တရုတ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေကိုဖြတ်ပြီးတော့ ခေတ်သစ်ပိုးလမ်းမ ကြီးကို တရုတ်နိုင်ငံ ကူမင်းမြို့ထိ ဖောက်လုပ်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ဒီစီမံကိန်းကို တရုတ်နိုင်ငံက ကမကထလုပ်ပြီးတော့ကျင်းပတဲ့ ရွှေးကောက်ပွဲ ကနေ စစ်ခေါင်းဆောင်အဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်လ က်ထက်မှာအကောင်အထည်ဖော် ဆောင်ရွက်ဖို့ လုပ်ဆောင်နေတာလည်းဖြစ် ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here