Home သတင်း စစ်ရေး အေအေ စစ်ဦးစီးချုပ် နဲ့ ချင်းပြည်သူ့တပ်မတော်တို့ တွေ့ဆုံဆွေးနွေး

အေအေ စစ်ဦးစီးချုပ် နဲ့ ချင်းပြည်သူ့တပ်မတော်တို့ တွေ့ဆုံဆွေးနွေး

13
0

Coastal News Agency

အေအေစစ်ဦးစီးချုပ် နဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA)တို့ တွေဆုံဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ “ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက် ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းတွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့”ဆိုထားပါတယ်။

ဆွေးနွေးပွဲကိုတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ အကြီးတွေတက်ရောက်ခဲ့ကြသလို ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA)ဘက်ကလည်း အကြီးအကဲတွေ နဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ဆိုထားပါတယ်။

တွေ့ဆုံပွဲကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအထဲကပင် ရခိုင်ပြည်တွင်းကနေရာတစ်ခုမှာပြုလုပ်ခဲ့တာဖြစ်ပြီးရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှု နဲ့ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက အခုလိုသွားရောက်တွေ့ဆုံခဲ့တာလို့လည်း ဆိုထားပါတယ်။

တွေ့ဆုံဆွေးနွေးမှုထဲမှာတော့ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက် မှု အခြေအနေတွေ နဲ့ ဆက်စပ်ပြီးဆွေးနွေးခဲ့ကြသလို ချင်းပြည်သူလူထု နဲ့ ရခိုင်ပြည်သူအကြား အိမ်နီးချင်းကောင်းပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးအတွက်ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

လက်ရှိ သွားရောက်တွေ့ဆုံခဲ့တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA) ဟာ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝ၊မင်းတပ်၊မတူပီ၊ကန်ပက်လက်မြို့နယ်တွေက ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ လက်နက်ကိုင် ၄ ဖွဲ့က ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here