ဒီရက်ပိုင်းအတွင်း စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်က အပြီးသတ်သိမ်း ပိုက်ထားပြီးဖြစ်တဲ့ ရမ်းဗြဲ နဲ့ တောင်ကုတ်မြို့တွေကို ကမ်းတက်စစ်ဆင်ရေး တွေ လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြလာတာကိုတွေ့နေရပါတယ်။
စစ်ကော်မရှင်ရဲ့ ရေတပ်စစ်သင်္ဘောတွေကလည်း ရမ်းဗြဲမြို့ ကျောက်နီမော်ရွာကမ်းခြေ နဲ့ တောင်ကုတ်မြို့ ကျောက်ချောင်းရွာကြားက ပင်လယ်ပြင်မှာ စစ်သင်္ဘော ၄ စီးထိရောက်ရှိနေတာလည်းတွေ့နေရတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ နှစ်ပေါင်းများစွာ အခြေစိုက်ထားတဲ့ တပ်စခန်းကြီးတွေကို အာရက္ခတပ်တော်ဆီမှာ လက်လွတ်ဆုံးရှုံးထားခဲ့ရပါတယ်။
လက်ရှိအခြေအနေအရ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုအထိကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ်သလို သိမ်းပိုက်ဖို့ ကျန်နေသေးတယ် ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့က နေရာအများစုကိုလည်း အာရက္ခတပ်တော်က ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါတယ်။
အဲဒါကြောင့် နှစ်ပေါင်းများစွာ အခြေစိုက်ယူထားတဲ့ တပ်စခန်းတွေကို လက် လွတ်ထားရတဲ့ စစ်ကော်မရှင်ဟာ ရမ်းဗြဲ နဲ့ တောင်ကုတ်မြို့တွေကို ကမ်း တက်စစ်ဆင်ရေး လုပ်ဆောင်နိုင်မယ် ဆိုတဲ့ အပေါ်မှာ ရခိုင်ဒေသခံတွေ အေန နဲ့ ဘယ်လိုအမြင်သဘောထားတွေ ရှိနေပါသလဲ။
“အေအေ အေန နဲ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လို ဌာနချုပ်ကြီးတွေကို သိမ်းပိုက်ပြီးတော့ မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသတွေကို တိုက်ခိုက်သိမ်း ပိုက်ထားပြီးဖြစ်တယ် လက်ရှိ သူတို့ကမ်းတက်စစ်ဆင်ရေးလုပ်မယ်ဆိုရင် တောင် လွယ်လွယ် နဲ့ ရမယ် မထင်ဘူး အေအေကလည်း လွယ်လွယ် နဲ့ လက်လွတ်ပေးမှာ မဟုတ်ဘူးလို့”မြင်မိကြောင်း ရခိုင်နိုင်ငံရေးသမားဖြစ်တဲ့ ဦးမျိုးကျော်က သုံးသပ်ပြောဆိုပါတယ်။
တက်ဖက်မှာလည်း တရုတ်က ကမကထလုပ်ပြီးကျင်းပထားတဲ့ရွေးကောက်ပွဲနေရာကနေ သမ္မတဖြစ်လာတဲ့ ဦးမင်အောင်လှိုင်ဟာ သူ သမ္မတဖြစ်လာပြီးနောက်ပိုင်း ကမ်းတက်စစ်ဆင်ရေးလုပ်ဆောင်နိုင်ဖို့ အတွက်ပြင်ဆင်လာတာဟာ သူ့အနေ နဲ့ ဆုံးရှုံးထားတဲ့ သိက္ခာတရားကို ပြန်ဆယ်ယူနိုင်ဖို့ နဲ့ သူ့အာဏာတည်မြဲနိုင်ဖို့ တဖက်မှာ တရုတ်နဲ့ အဆင်ပြေပြေစီမံကိန်းတွေအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေထက် လေတပ် နဲ့ ရေတပ်တွေအကြီးမားဆုံးပိုင်ဆိုင်ထားတဲ့ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို လေတပ်ကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာ နဲ့ ကမ်းခြေဒေသ နဲ့ နီးစပ်တဲ့ ဂွ၊တောင်ကုတ်၊သံတွဲ ၊ရမ်းဗြဲ၊ကျောက်ဖြူ မြို့တွေကိုလည်း ရေတပ်စစ်သင်္ဘောတွေကနေတဆင့် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ
ဒရုန်းတွေ နဲ့ ကင်းထောင်တာစတာတွေကို အရင်ကထက်ဆက်တိုက်လုပ် ဆောင်လာနေတာလည်းရှိနေပါတယ်။
တဖက်မှာလည်း အခုလို ရေတပ်ကြီးကြီးမားမားပိုင်ဆိုင်ထားတဲ့ စစ်ကော်မ ရှင်ဟာလက်ရှိသူတို့ ဖော်ဆောင်ဖို့ အတွက် လုပ်နေတဲ့ ကမ်းတက်စစ်ဆင်ရေးပြုလုပ်မယ့်အပေါ်မှာ ရေတပ်စစ်ဆင်ရေးကျွမ်းကျင်သူတွေ အများအပြားလိုအပ်မှာ ဖြစ်ပြီးတော့ စစ်ကော်မရှင်မှာ အဲဒီလိုစစ်ဆင်ရေးလုပ်ဆောင်ဖို့ လေ့ကျင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေ ရှိမရှိဆိုတဲ့အပေါ်မှာ CDM ရေတပ် အရာရှိတစ်ဦးကအခုလိုပြောပြထားပါတယ်။
“ကျနော့်အမြင်တော့ ဒီစစ်ဆင်ရေးလုပ်မယ်ဆိုပြီးတော့ ပေါက်ကြားလာတာက ကျော်စိုးဦးတို့လို လော်ဘီတွေဆီကနေတဆင့်ကြားလာရတာဖြစ်တယ် ဖြစ်ကောင်းလည်းဖြစ်နိုင်မယ် ဒါပေမယ့် ကျနော် ရေတပ်လုပ်သက် ၂၀ လောက်မှာ အခုလိုစစ်ဆင်ရေးလုပ်ဖို့အတွက်ဆိုပြီးတော့ သီးသန့်လေ့ကျင့်ပေးထားတဲ့ တပ်သားတွေ မရှိသလောက်ဘဲ ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ထင်တယ် လုပ်နိုင်မယ့်သူလည်းမရှိဘူး။သူတို့ကျွမ်းကျင်တာက ကတုတ်ကျင်းတူး ဖို့နဲ့ ကမ်းပေါ်မှာ ပစ်ခတ်ဖို့အတွက်လောက်ကိုသာ လေ့ကျင့်ပေးထားတာတွေဘဲ ကျွမ်းကျင်မှုရှိတာဖြစ်တယ်”လို့ သူ့ကပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်အောင်လှိုင်ဟာ သူသမ္မတဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ မဒေးကျွန်းကနေ မန္တလေး၊ မူဆယ်ကနေတဆင့် တရုတ်နိုင်ငံ ကူမင်း မြို့အထိ ပါဝင်တဲ့ The Belt and Road Initiative (BRI) စီမံကိန်းကို တရုတ် နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် နဲ့ ရမ်းဗြဲ ဒေသတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်လာနေပါတယ်။
တဖက်မှာလည်း ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဒီနေ ရာတွေကို မသိမ်းပိုက်ထားနိုင်ခဲ့ရင် ကော်မရှင်ရဲ့ ခေါင်းဆောင်ကနေ သမ္မတ ဖြစ်လာတဲ့ ဦးမင်အောင်လှိုင်ဟာ တရုတ်ရဲ့ ဖိအားများစွာကို ခံလာရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် လက်ရှိစစ်ကော်မရှင်က လုပ်ဆောင်ဖို့ လုပ်နေတဲ့ ကမ်းတက်စစ်ဆင်ရေးဟာ ရခိုင်အတွက် အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးစစ်ဆင်ရေး တစ်ခုဖြစ်လာမှာလည်းဖြစ်တယ်လို့ နိုင်ငံရေးသမား ဦးမျိုးကျော်က ဆိုပါတယ်။
“ဒီစစ်ဆင်ရေးက နောက်ဆုံးအဆုံးအဖြတ်စစ်ဆင်ရေးလို့မြင်တယ် ဒီဟာကို အာရက္ခတပ်တော်ကလည်း ဒီအဆုံးအဖြတ်ကို ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်လာမယ် ကြိုတင်ပြင်ဆင်မှုတွေကောင်းကောင်းလုပ်ဖို့ လိုအပ်မယ်”လို့ သူကပြောပါတယ်။
တဖက်မှာလည်း ဦးမင်အောင်လှိုင် အနေ နဲ့ ဒီစစ်ဆင်ရေးကို မအောင်နိုင်ခဲ့ရင် တရုတ်အနေ နဲ့ တောင်းဆိုတဲ့ မြန်မာပြည်ရဲ့ ဘယ်အစိတ်အပိုင်းမဆို ပေးအပ်ကာ အာရက္ခတပ်တော်ကို ရှင်းထုတ်နိုင်ဖို့ ကြိုးစားလာမျိုးတွေလည်းရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံး သပ်သူတွေကဆိုပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော်ဟာ အခုလာမယ့် ၂၀၂၇ ခုနှစ်မတိုင်ခင်မှာ ရခိုင်က သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို သိမ်းပိုက်သွားမယ်လို့ ပြောဆို ထားပါတယ်။




