ရခိုင်က လက်ကျန်မြို့ ၃ မြို့ထဲက စစ်တွေ နဲ့ ကျောက်ဖြူ မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတာတွေ ရှိနေပါတယ်၊
စစ်ကော်မရှင်တပ်တွေဟာ စစ်တွေ နဲ့ ကျောက်ဖြူမြို့တွေက လက်ကျန်တပ်စခန်းတွေကို မကျရှုံးစေရေးအတွက် အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်တွေရဲ့ ထိုးစစ်ကို အာရက္ခတပ်တော် အနေ နဲ့ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် တဲ့ ခုခံစစ်တွေ နဲ့ ခုခံနေသလို အာရက္ခတပ်တော်ရဲ့ တန်ပြန်ထိုးစစ်တွေအောက်မှာ စစ်ကော်မရှင်တပ်တွေဟာ အထိအခိုက်အကျအရှုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ အာရက္ခတပ်တော်က မနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော်က ပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ ဧရာဝတီတိုင်း နဲ့ ရကခိုင်အစပ် ကတပ်စခန်းတွေ နဲ့ မကွေးတိုင်း-ရခိုင် အစပ်မှာရှိတဲ့ တပ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။
အာရက္ခတပ်တော် ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ပလက်ဝဒေသအပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုအထိကို အပြီးသတ်သိမ်းပိုက်ရရှိထားနိုင်ပြီးဖြစ်သလို ဧရာဝတီ တိုင်း နဲ့ ရကခိုင်အစပ် စစ်ကော်မရှင်တပ်တွေရဲ့ ကတပ်စခန်းတွေ နဲ့ မကွေးတိုင်း-ရခိုင် အစပ်မှာရှိတဲ့ စစ်ကော်မ ရှင်တပ်တွေရဲ့ တပ်စခန်းတွေ ကိုပါ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော် အနေ နဲ့ ရခိုင် ပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေကို ရခိုင်ပြည်သူတရပ်လုံး နဲ့ အတူလက်တွဲကာ ရခိုင်ဒေသမှာ ကျန်ရှိနေသေးတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော်က ရခိုင်ပြည်သူတွေကို အသိပေးပြောဆိုထားပါတယ်။