Home လူမှုစီးပွါးရေး ရွေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ မင်းထည်ဝါ အနေ နဲ့ အလှူငွေစာရင်း နဲ့ သုံစွဲငွေစာရင်းရှင်းတမ်းထုတ်ပေးဖို့ စုံစမ်းစစ်ဆေးရေးကော်မတီ တောင်းဆို

ရွေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ မင်းထည်ဝါ အနေ နဲ့ အလှူငွေစာရင်း နဲ့ သုံစွဲငွေစာရင်းရှင်းတမ်းထုတ်ပေးဖို့ စုံစမ်းစစ်ဆေးရေးကော်မတီ တောင်းဆို

11
0

ရွေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ မင်းထည်ဝါ အနေ နဲ့ အသင်းအတွက် လှူဒါန်းထားတဲ့ အလှူငွေစာရင်း နဲ့ သုံစွဲငွေစာရင်းရှင်းတမ်းကို ထုတ်ပေး စုံစမ်းစစ်ဆေးရေးကော်မတီ ကတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ရွေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ မင်းထည်ဝါဟာ အသင်းရဲ့ ငွေကြေးတွေကိုအလွဲသုံးစားလုပ်တာတွေ ရှိနေတယ်ဆိုပြီးတော့ ရခိုင်အခြေစိုက် သတင်းထောက် တစ်ဦးဖြစ်တဲ့ Ni Min Tun Journalist ကနေပြီးတော့ “မင်းထည်ဝါဘာလဲ၊ ဘယ်လဲ”ဆိုတဲ့ ခေါင်းစဉ် နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရွေရောင်မေတ္တာဖောင်ဒေးရှင်း အသင်းဝင်တွေဟာ အသင်းရဲ့ ပုံရိပ်မကျဆင်းစေဖို့ အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီးတော့ အသင်းဝင်ဟောင်းတွေ နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆော င်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဒီကိစ္စကို ရွေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ မင်းထည်ဝါ အနေ နဲ့ တိကျမှန်ကန်တဲ့ အလှူငွေစာရင်းဇယား နဲ့ သုံးစွဲငွေစာရင်းဇယာရှင်းတမ်းတွေ အပြင် ကိုမင်းထည်ဝါဆီမှာရှိတဲ့ အသင်းပိုင် ပစ္စည်းစာရင်းဇယားတွေကို အများပြည်သူသိအောင် ချပြဖို့ အတွက်ကိုလည်း စုံစမ်းစစ်ဆေးရေးကော်မတီ ကတောင်းဆိုထားပါတယ်။

ဒီကိစ္စကို ရွေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ မင်းထည်ဝါ အနေ နဲ့ ဖြေရှင်းမှု မပေးဘူးဆိုရင် စုံစမ်းစစ်ဆေးရေးကော်မတီအနေ နဲ့ အသင်းရဲ့ လိုအပ်ချက်အရ ထုတ်ပြန်ပြောဆိုသွားမှာဖြစ်သလို ကိုမင်းထည်ဝါကိုလည်း ဥက္ကဌ ရာထူးကနေထုတ်ပယ်ပြီးတော့ တရားဉပဒေအရ အရေးယူဆောင်ရွက်တာကို လုပ်သွားမယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီ က သတိပေးထားပါတယ်။

ကိုမင်းထည်ဝါ ဟာ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ၂၀၁၉ခု နှစ်က စပြီးထူထောင်ချိန်မှာတော့ ပရဟိတသမားပီပီ အမှန်တကယ်အနစ်နာခံပြီးတော့ အမှန်တကယ် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here