Home သတင်း စစ်ရေး အကြမ်းဖက် အဖွဲ့တွေကို အရေးယူထိန်းကျောင်းမှု မရှိရင် နှစ်ဖက်တင်းမာမှုမြင့်တက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကို အေအေသတိပေး

အကြမ်းဖက် အဖွဲ့တွေကို အရေးယူထိန်းကျောင်းမှု မရှိရင် နှစ်ဖက်တင်းမာမှုမြင့်တက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကို အေအေသတိပေး

27
0

Coastal News Agency

အကြမ်းဖက် အဖွဲ့တွေ ဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ အနေ နဲ့ အရေးယူထိန်းကျောင်းမှု မရှိဘဲ ဒီအတိုင်းဆက်လွှတ်ထားမယ်ဆိုရင် နှစ်ဖက်တင်းမာမှုတွေဟာပိုမြင့်တက်လာနိုင်တယ်လို့ အာရက္ခတပ် တော်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရကို သတိပေး ပြောဆိုထားပါတယ်။

အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO လက်နကိကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာ အခိုင်အမာ တပ်စခန်းတွေကို အခြေစိုက်ပြီးတော့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေ အပြင် အာရက္ခတပ်တော် ရဲ့ နယ်စပ်လုံခြုံရေး စခန်းတချို့ကိုလည်း ဝင်ရောက်တိုက်ခိုက်တာတွေ ကိုလုပ်ဆောင်မှုတွေ ရှိနေပါတယ်။

ဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေမှုတွေကို ဘင်္ဂလားဒေ့ရှ် နယ် ခြား​စောင့် BGB က အရာရှိတချို့ဟာ အကြမ်းဖက် အဖွဲ့တွေကို စခန်းအခြေ စိုက်ဖို့ ခွင့်ပြုပေးတာ၊ထောက်ပံ့ပေးတာ နဲ့ အားပေးအားမြှောက်လုပ်ဆောင်ပေးတာတွေလည်း ရှိနေတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

အဲဒါကြောင့် အလို အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်လုပ်နေတဲ့ BGB အရာရှိတချို့ကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ အနေ နဲ့ အမြန်ဆုံး အ ရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အာရက္ခတပ်တော် က တိုက်တွန်းထားပါတယ်။

အဲဒီလိုသာ အရေးယူထိန်းကျောင်းမှု မရှိဘဲ ဒီအတိုင်းသာလွှတ်ထားမယ်ဆိုရင် နှစ်ဖက်နယ်စပ် တည်ငြိမ်ရေး ၊လုံခြုံရေး နဲ့ ဆက်ဆံရေးတွေကို ထိခိုက်လာနိုင်ပြီးတော့ နှစ်ဖက်တင်းမာမှုတွေဟာလည်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ အာရက္ခတပ်တော်က သတိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်နယ်စပ်တလျှောက်မှာ တကျော့ပြန်စခန်းထလာတဲ့ RSO နဲ့ ARSA ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် ရခိုင်ဒေသမှာ နေထိုင် နေကြတဲ့ ပြည်သူတွေ ရဲ့ လုံခြုံရေးဟာတိုက်ရိုက်ခြိမ်းခြောက်မှု တွေ နဲ့ ရင်ဆိုင်လာနေရပါတယ်။

တဖက်မှာလည်း ဒီအကြမ်းဖက် RSO နဲ့ ARSA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့်ရခိုင်ဒေသအတွင်းမှာ လာရောက်ရင်းနှီးမြုပ်နှံ့ကြမယ့် နိုင်ငံရှားရင်းနှီးမြုပ်နှံမှုတွေ နဲ့ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေး နဲ့ အသက်အန္တရာယ်ကို လည်း သွယ်ဝိုက်ခြိမ်းခြောက်ရာတွေကို ရောက်နေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။

ဒါကြောင့် ဒီအကြမ်းဖက် RSO နဲ့ ARSA ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေ နဲ့လည်းစောင့်ကြည့်ကာ ဝိုင်းဝန်းစောင့်ကြပ်ကာ ထိန်း သိမ်းပေးဖို့ လိုအပ်နေတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ အာရက္ခတပ်တော်တို့ အကြား နှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းကို အမြန်ဆုံး ရှာဖွေပြီးတော့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး လုပ်ဆောင်ကြဖို့ကိုလည်း အာရက္ခတပ်တော် အနေ နဲ့ အလေးအနက်တိုက်တွန်းတယ်လို့ ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here