ရခိုင်ကနယ်မြေအမြောက်အများကို သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ အာရက္ခတပ်တော် နဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ နှစ်ဖက်ဆက်ဆံရေးတွေ အဆင်မပြေတာကြောင့် အခုလာမယ့်ရာသီအတွင်းမှာ ရခိုင်ကထွက်တဲ့ ဆန်စပါးတွေ အရောင်းအဝယ်မဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ ရခိုင်ကတောင်သူတွေကဆိုပါတယ်။
အာရက္ခတပ်တော် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ တို့ နှစ်ဖက်ဆက်ဆံရေးတွေဟာ လက်ရှိမှာ တင်းမာမှုတွေ ရှိနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေ နဲ့ ရခိုင် နဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို ဆက်တိုက်ပိတ်ဆို့တာတွေ ရှိလာနေပါတယ်။
အဲဒါကြောင့် အခုလာမယ့် ရာသီအတွင်းမှာ ထွက်လာမယ့် စပါးသီးနှံတွေကို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းခွင့်မရခဲ့ရင် တောင်သူတွေ အနေ နဲ့ အရှုံးများစွာ နဲ့ ရင်ဆိုင်လာရမှာ ဖြစ်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြရတယ်လို့ မြောက်ဦးမြို့နယ်အတွင်းက တောင်သူတစ်ဦးက အခုလိုပြောပါတယ်။
“ဒီနှစ်က နည်းနည်းများအဆင်ပြေမလားဆိုပြီးတော့ လယ်ယာတွေကို နည်းနည်းရင်းပြီးစိုက်ပျိုးထားပါတယ် အခုက ဘင်္ဂလာ နဲ့ တပ်တော်ရဲ့ ဆက်ဆံရေးကလည်း အဆင်မပြေတော့ ဒီစပါးတွေကို ဘယ်သူတွေဝယ်မှာလည်းဆိုတာကလည်း စဉ်းစားစရာဖြစ်နေတယ်။ဝယ်လက်တွေ မရှိရင်တော့ ဒီနှစ်လည်းတောင်သူတွေ တော်တော် ရှုံးမှာ သေချာတယ်”လို့သူကဆိုပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲ မဖြစ်ပွါးခင်မှာ ရခိုင်ကထွက်ရှိတဲ့ ဆန်စပါးတွေကို ပြည်မ အပါအဝင် အိန္ဒိယနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ တခြားနေရာတွေကို တင်ပို့ရောင်းချတာတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ရခိုင်ကတောင်သူတွေဟာ ဒေသထွက်သီးနှံရောင်းဝယ်ရေး ကိစ္စတွေမှာ အခက်အခဲ မရှိဘဲ အရောင်းအ ဝယ်ဖြစ်ခဲ့ကြပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ် နဲ့ အာရက္ခတပ်တော်တို့ရဲ့ ရခိုင်တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် စစ်ကော်မရှင်ဟာ ပြည်မ နဲ့ ဆက်သွယ်သွားလာလို့ ရတဲ့ ကုန်းလမ်းရေလမ်းတွေကို အကုန်ပိတ်ဆို့ထားခဲ့တဲ့အတွက် ရခိုင်ကထွက်ကုန်ပစ္စည်းတွေကို ပြည်မသို့ တင်ပို့ရောင်းချခွင့် မရခဲ့တာတွေ နဲ့ ရင်ဆိုင်ခဲ့ကြရပြီးတော့ နှစ်စဉ်လိုလို ရခိုင်က တောင်သူတွေဟာ တိုက်ပွဲဖြစ်ပွါးချိန်ကပင် ဆက်တိုက် အရှုံးတွေ နဲ့ ရင်ဆိုင်လာခဲ့ကြရတာလည်းဖြစ်ပါတယ်။
ဒီနှစ်မှာတော့ အာရက္ခတပ်တော် အနေ နဲ့ ရခိုင်က နယ်မြေအမြောက်အများကိုသိမ်းပိုက်နိုင်ပြီးဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်သွယ်ကာ ထွက်ရှိလာတဲ့ ဆန်စပါးတွေကို တင်သွင်းရောင်ချနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် လက်ရှိ အာရက္ခတပ်တော် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဆက်ဆံရေးကလည်း အဆင်ပြေဖြစ်နေတာကြောင့် ရခိုင်ကတောင်သူတွေ ထပ်မံ အရှုံးတွေ နဲ့ ရင် ဆိုင်လာကြရမှာကို စိုးရိမ်နေကြရတာပါ။
အဲဒါကြောင့် အာရက္ခတပ်တော် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ ရဲ့ လက်ရှိတင်းမာမှု ဖြစ်နေတဲ့ ပြသနာကို ပြေပြေလည်လည် ဖြေရှင်းပြီးတော့ အကောင်းဆုံးကုန်သွယ်ရေး တစ်ခုကို အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်နေတယ်လို့ နောက်ထက် မြောက်ဦးမြို့အတွင်းက တောင်သူ တစ်ဦးက တောင်းဆိုပါတယ်။
“အဓိကတော့ ဒီဖြစ်နေတဲ့ ကိစ္စကို အစိုးရ နှစ်ရပ်ထိပ်တိုက်တွေ့ပြီးတော့ ဖြေရှင်းလိုက်ရင်ကောင်းပါတယ်။အဲဒါမှလည်း နှစ်နိုင်ငံအတွက် အကျိုးစီးပွါးဖြစ်မှာဖြစ်တယ်။ဒီအတိုင်းသာ မဖြေရှင်းဘဲ ဖြစ်နေရင်တော့ ရခိုင်ပြည်သူတွေကတော့ လှုပ်လေမြုပ်လေဖြစ်မှာသေချာတယ် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း လက်ရှိ ဒေသမှာ အုပ်ချုပ်ရေးလုပ်နေတဲ့ အစိုးရကို အသိအမှတ်ပြုပေးဖို့လိုလာနေတယ်”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း လက်ရှိ ရခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အာရက္ခတပ်တော် (AA) ကို လက်တွေ့အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံပေးဖို့အတွက်ကို နိုင်ငံတကာ နဲ့ ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၂၀၂ ဖွဲ့က ကုလသမဂ္ဂ နဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံအမတ်ကြီးတွေဆီကိုအိတ်ဖွင့်စာ ပေးပို့တောင်းဆိုတာတွေလုပ်ဆောင်ခဲ့ကြတာလည်း ရှိပါတယ်။
သတင်း – လင်းလင်း





Bigwinlogin did a great job on the platform. I was able to log in very fast and easy on different devices. Take a look at their platform here bigwinlogin
Golden Hoyeah Slots? Those slots are seriously addictive! The bonuses hit frequently, and the graphics are really vibrant. Definitely a time-killer if you enjoy spinning the reels. So fun go try! goldenhoyeahslots
EV999 is killer. Amazing promotions and selection of games. Its my new favorite hands down! ev999