စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ မိုင်းလုံ နဲ့ မိုင်းငေါ့မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦးထိရှိခဲ့တယ် TNLA ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီ မိုင်းလုံ နဲ့ မိုင်းငေါ့မြို့ကို အောက်တိုဘာလ ၇ ရက်နေ့ နဲ့ ဒီနေ့အောက်တိုဘာလ ၈ ရက်နေ့ နှစ်ရက်ဆက်တိုက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကိုလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီက မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေတဆင့် ပေါင် (၂၅၀) ဗုံး (၂)လုံး နဲ့ လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ်တစ်ဦး အပါအဝင် (၁) ဦးအပါအဝင် ပြည်သူလူ (၁၀)ဦးသေဆုံးခဲ့ရပြီးတော့ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၆)ဆောင်ဟာလည်း ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုဘဲ ဒီနေ့အောက်တိုဘာလ ၈ ရက်နေ့ မနက်(၁၁း၀၅)အချိန်မှာ မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို စစ်ကောင်စီတပ်က လေကြောင်းကနေတဆင့် ပေါင်(၂၅၀) ဗုံး (၂)လုံး၊ စျေးရပ်ကွက်အတွင်းကို ရော့ကဒ် ဗုံး(၂)လုံး၊ တာလုံရပ်ကွက်အတွင်းကို ရော့ကဒ် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် ၂ ဦးသေဆုံးခဲ့ရပြီးတော့ ၂ ဦးဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် (၈) ဆောင်လည်းပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေ အနေ နဲ့ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ အတွက် စစ်ရေးသတိ အမြဲရှိဖို့ နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း TNLA သတိပေးထားပါတယ်။
နိုင်ငံ အနှံ့ စစ်ရေး အရှုံး နဲ့ နယ်မြေတွေ လက်လွှတ်ပေးလိုက်ရတဲ့ စစ်ကော် မရှင်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်းတွေ ထိန်ချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်နေတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာနေတဲ့ အတွက် ဒီ ၂၀၂၅ ခုနှစ် အတွင်းမှာ အရပ်သားပြည်သူ သေဆုံးမှုဟာ ၃ ဆကျော် အထိမြင့်တက်မှု ရှိလာနေတာကိုလည်း တွေ့လာနေရပါတယ်။





**mindvault**
mindvault is a premium cognitive support formula created for adults 45+. It’s thoughtfully designed to help maintain clear thinking
Yo, Filbetcasino, is legit! Been hitting some nice wins there lately. Smooth gameplay and quick payouts. Definitely worth checking out – filbetcasino
VN123bet seems decent, good enough selection of games to keep you happy. I’ve been making decent profits over here! vn123bet
If you’re into slots, try slotwingacor77. I’ve had some good times there. Go to slotwingacor77 and see what you can win.