Home လူမှုစီးပွါးရေး ပလက်ဝ မှာ သွပ်ပြားတင်လာတဲ့ စက်လှေ ရေနစ်မြုပ်မှုကို အေအေက သွား ရောက်ကူညီပေးခဲ့

ပလက်ဝ မှာ သွပ်ပြားတင်လာတဲ့ စက်လှေ ရေနစ်မြုပ်မှုကို အေအေက သွား ရောက်ကူညီပေးခဲ့

29
0

Coastal News Agency

ပလက်ဝမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က သွပ်ပြားတင်လာတဲ့ စက်လှေ တစ်စီး ရေနစ်မြုပ်ခဲ့တဲ့ အတွက် အာရက္ခတပ်တော် ရဲ့ ဒီလပ်ဌာနက သွား ရောက်ကူညီခဲ့ရတယ်လို့ ဒီလပ်ဌာန တာဝန်ရှိသူတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာ ရှင်းလက်ဝကနေ ကျောက်တော်မြို့ ဆိပ်ကမ်းကို သွပ်ပြား အချပ် ၂၀၀၀ တင်လာတာ ဖြစ်ပြီးတော့ ပလက်ဝဆိပ်ကမ်း​အနီးမှာ စက်လှေ နစ်မြုပ်သွားခဲ့တာပါ။

အဲဒီလို စက်လှေနစ်မြုပ်သွားခဲ့တာကို ကူညီကယ်ဆယ်ပေး စက်လှေပိုင်ရှင် ဖြစ်တဲ့သူက လာရောက်ကူညီပေးဖို့အတွက် အကူအညီတောင်းလာတာကြောင့် ပလက်ဝခရိုင်ပါတီက ဦးဆောင်ပြီးတော့ ခရိုင်ပါတီက လူငယ်ရေးရာအဖွဲ့ နဲ့ မီးသတ်၊ ဒီလပ် စတဲ့ဌာနတွေကသွားရောက်ပြီးတော့ ကူညီပေးမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဒီလပ်တပ်ဖွဲ့အရာရှိတစ်ဦးက ဆိုပါတယ်။

“စက်လှေပိုင်ရှင်အမျိုးသမီးက လာပြီးတော့ အကူအညီတောင်းတာပါ။အဲဒီတော့ ဌာနဆိုင်ရာတွေပူးပေါင်းပြီးတော့ သွားပြီးတော့ ကူညီပေးခဲ့ကြတာဖြစ်တယ်”လို့ သူကပြောပါတယ်။

သွပ်ပြားတွေ တင်ဆောင်လာတဲ့ စက်လှေမှာထည့်သွင်းထားတဲ့ ပျဥ်ပြားတွေ ဟာကြံခိုင်မှုမရှိတော့တာကြောင့် ရေဝင်ရာကနေ အခုလိုနစ်မြုပ်ခဲ့ရတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ရေနစ်မြုပ်သွားခဲ့ရတဲ့ သွပ်ပြားတွေရဲ့ တန်ဖိုးကတော့ ​မြန်မာ ကျပ်ငွေ သိန်းနှစ်ထောင်ဝန်းကျင်ရှိတာဖြစ်ပြီးတော့ အဲဒီသွပ်ပြားတွေဟာ အိန္ဒယနိုင်ငံက နေ ဝယ်ယူလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here