Home နိုင်ငံရေး ULA/AAတပ်မှူးချုပ်ကဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်ကို ကြိုဆိုကြောင်း ဝဏ်လွှာပေးပို့ခဲ့

ULA/AAတပ်မှူးချုပ်ကဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်ကို ကြိုဆိုကြောင်း ဝဏ်လွှာပေးပို့ခဲ့

14
0

Coastal News Agency

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်သတင်းအေ ဂျင်စီ (BSS) သတင်းမှာ မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေ နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ်ဒေါ

က်တာခါလီလူရာမန်(Dr. Khalilur Rahman)ဆီကို စာပေးပို့တာဟာ ပထမဆုံးအကြိမ်ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထား ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေးပို့ခဲ့တဲ့ စာထဲမှာတော့ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် သင်၏တာဝန်သစ်တွင် ကျွန်ုပ်တို့နှင့်အတူ လက်တွေ့ကျ၊ တည်တံ့ခိုင်မြဲပြီး ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်းများကို ဆက်လက်ရှာဖွေဆောင်ရွက်နိုင်မည်ဟု မျှော်လင့်တယ်လို့”ရေးသားဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လက်ရှိရှိပြီးသား မိတ်ကောင်းဆက်ဆံရေးအပေါ် အခြေခံပြီးတော့လည်း ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ပြည်အကြား မိတ်ဖက်ဆက်ဆံရေးသစ်တစ်ရပ်ကိုလည်း ဖန်တီးသတ်မှတ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ် လို့ ထည့်သွင်းရေးသားထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကလည်း အခုလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေ နဲ့ သဝဏ်လွှာပေးပို့လာတာဟာ မွတ်ဆ လင်အရေးကိုဆက်လက် ဆက်သွယ်ဆောင်ရွက်မှုတွေ နဲ့ ဆွေးနွေးညှိနှိုင်းမှု တွေ ဆီကနေတဆင့် ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်ရရှိမှာဖြစ်သလိုဘင်္ဂလားဒေ့ရှ် အစိုးရအသစ်အပေါ် ယုံကြည်မှုရှိကြောင်း ပြသနေတာကို မြင်တွေ့ရတယ်လို့ အဲဒီ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက Bang ladesh Sangbad Sangstha (BSS) သို့ ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသိန်း​ဆွေကလည်း နေပြည်တော် နဲ့ ဒါကာအကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းခိုင်မာစေဖို့အတွက်လုပ်ဆောင်ကြဖို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားသစ် ဒေါက်တာ ခါလီလူရာမန်ထံပေးပို့ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒီလို မြန်မာစစ်အစိုးရ နဲ့ အာရက္ခတပ်တော်(AA) ပါ နှစ်ဖက်စလုံးက အသီးသီသဝဏ်လွှာပေးပို့လာတဲ့ အပေါ်သုံးသပ်ရရင် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကို လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ အသင်ရှိနေတယ်ဆိုတာကို မြင်တွေ့ရတာ ဖြစ်တယ်လို့လည်း BSS သတင်းမှာ ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here