Home သတင်း စစ်ရေး စစ်တွေမြို့ ၊ရွှေမင်းဂံဆိပ်ကမ်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေ

စစ်တွေမြို့ ၊ရွှေမင်းဂံဆိပ်ကမ်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေ

13
0

Coastal News Agency

စစ်တွေမြို့၊ရွှေမင်းဂံဆိပ်ကမ်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ရွှေမင်းဂံဆိပ်ကမ်း ဟာ စစ်ရေး အတွက် အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပြီးတော့ စစ်ကော်မရှင်တပ်ကလည်း ဒီဆိပ် ကမ်း လက်မလွှတ်ရရေး အတွက်ကို အပြင်းအထန်ခုခံတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်တွေ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးကအခုလိုပြောပါတယ်။

“တိုက်ပွဲကတော့ ဖြစ်နေတုန်းပါ တော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေကြတာ။စစ်ကော်မရှင်ကလည်း လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူ ၊ဒရုန်းတွေ နဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်။ထိခိုက်မှုတော့ စစ်ကော်မရှင်ဘက်က ထိခိုက်မှုတော်တော်ရှိနေတယ်လို့ ကြားရတယ်”လို့သူကပြောပါတယ်။

အာရက္ခတပ်တော်ကလည်း ဒီ ရွှေမင်းဂံဆိပ်ကမ်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ကြည်း တပ်၊ရေတပ်တွေ နဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ လက်ရှိအချိန်အထိတော့ အပြီးသတ်သိမ်းပိုက်နိုင်တဲ့ အခြေအနေမှာတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာ စစ်ကော်မရှင်က ကုန်းပေါ်အင်အား ၁၀၀ ကျော် နဲ့ စစ်သင်္ဘော ၁၈ ထိအင်အားဖြည့်တင်းပြီးတော့ အာရက္ခတပ်တော် ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ဖို့ လုပ်ဆောင်ထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

စစ်တွေတိုက်ပွဲ ပြင်းထန်မှု နဲ့ အတူ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ညတစ်ညလုံးမှာ စစ်တွေမြို့ နဲ့ ဆက်စပ်နေတဲ့ ပေါက်တောမြို့နယ်အပါအဝင် နေရာတချို့ကို လည်းလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာရှိတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here