Home မှုခင်း တောင်ကုတ်မှာတစ်ရက်အတွင်း စက်သုံးဆီဆိုင် ၂ ဆိုင်မီးလောင်မှု ဖြစ်ပွါး

တောင်ကုတ်မှာတစ်ရက်အတွင်း စက်သုံးဆီဆိုင် ၂ ဆိုင်မီးလောင်မှု ဖြစ်ပွါး

4
0

Coastal News Agency

တောင်ကုတ်မြို့နယ် အတွင်းမှာ ဒီနေ့ မတ္လ ၅ ရက်နေ့ တစ်ရက်တည်းမှာ စက်သုံးဆီဆိုင် ၂ ဆိုင်မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

မီးလောင်မှု ဖြစ်ပွါးခဲ့တဲ့ စက်သုံးဆီဆိုင်တွေကတော့ တောင်ကုတ်မြို့နယ် ကင်းတောင်စံပြကျေးရွာမှာ ရှိတဲ့ စက်သုံးဆီဆိုင် တစ်ဆိုင်နဲ့ ကိုင်းရှည် အာ လိန်ငါးဆင့်အနီးက အာရက္ခစက်ဆီဆိုင် တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီမီးလောင်မှု ၂ ခုထဲက အာလိန်ငါးဆင့် အနီးက အာရက္ခစက်သုံးဆိုင်မှာ မီး လောင်မှု ပိုပြင်းထန်တာကြောင့် ဆီဆိုင်အပါအဝင် နေအိမ် ၂ လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကင်းတောင်စံပြကျေးရွာက စက်သုံးဆီဆိုင်မီးလောင်မှု အသေးစိတ်အခြေအ နေကိုတော့ ဆက်သွယ်ရေးအခြေအနေ အခက်အခဲကြောင့် အသေးစိတ်မသိရသေးဘူးလို့ တောင်ကုတ်ဒေသခံ တစ်ဦးက ပြောပြပါတယ်။

“အာရက္ခဆီဆိုင်ကတော့ အကုန်ပြာကျတဲ့ အပြင် နေအိမ် ၂ လုံးပါ ပြာကျသွားတာ ကင်းတောင်စံပြကျေးရွာက အခြေအနေကိုတော့ မသိရသေးဘူး ဆက်သွယ်ရေး အခြေအနေကြောင့်”လို့ သူကပြောပါတယ်။

မီးလောင်ကျွမ်းမှု အခြေအနေ ရဲ့ အသေးစိတ် နဲ့ ပျက်စီးဆုံးရှုံးမှုအသေးစိတ် အခြေအနေတွေကို အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရ မီးသတ်ဌာနက ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း မီးသတ်ဌာန နဲ့ နီးစပ်သူတွေကပြောပါတယ်။

လက်ရှိမှာ နွေရာသီးကိုရောက်ရှိလာပြီးဖြစ်တဲ့ အတွက် မီးဘေးအန္တရာယ်တွေ ကို သတိထားကြဖို့အတွက်ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးတိုက်တွန်းတာတွေကို လုပ်ဆောင်တာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here