ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ဖြစ်တဲ့ ကပစ – ၁၆ အထိကို အာရက္ခတပ်တော် နဲ့ ပူး ပေါင်းတပ်တွေရဲ့ ထိုးစစ်တွေရောက်လာနေတယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကပင်စတင်ပြီးတော့ အာရက္ခတပ်တော် နဲ့ ပူး ပေါင်းတပ်တွေဟာ ရှော့တိုက်ဒုံးတွေ ၊လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ် ခတ်တိုက်ခိုက်တာတွေကိုလုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်း မြစ်ကပြောပါတယ်။
“လက်နက်ကြီးတွေ ၊ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ် အထဲကိုလည်း ကျရောက်ပေါက်ကွဲတာရှိတယ် ထိခိုက်မှု ရှိ/ မရှိဆိုတာကိုတော့ မသိရသေးဘူး”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဘက်ကလည်း လက်နက်ကြီးတွေ ၊ဒရုန်းတွေ အပြင် လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်တာကို လုပ်ဆောင်နေတဲ့ အတွက် နှစ်ဖက် ပစ်ခတ်မှုတွေဟာလည်း ပြင်းပြင်းထန်ထန်ရှိနေတယ်လို့ ဆိုပါတယ်။




