စစ်ကော်မရှင်ဟာ ဂျက်တိုက်လေယာဥ် အုပ်စုလိုက်နဲ့ ရခိုင်က ပုဏ္ဏားကျွန်း ၊မြောက်ဦး စတဲ့မြို့တွေကို ဒီနေ့မှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကော်မရှင်ဟာ ဒီမြို့တွေကို ဂျက်တိုက်လေယာဥ် ၃ စီးထက်မနည်း နဲ့ အုပ်စုလိုက်လာပြီးတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။
ကနဦးသတင်းအချက်အလက်တွေအရ ဒီတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အနီးက ၅၄၀ တပ်ရင်းအဟောင်းနေရာတွေကို ဗုံးသီးကျရောက် ပေါက်ကွဲတာရှိပြီးတော့ မီးလောင်မှုတွေဖြစ်နေသလို မြောက်ဦးမြို့နယ်အတွင်းက ကျောက်ဆည်ပြင် ပတ်ဝန်းကျင်အနီးကိုလည်း ဗုံးသီးကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပျက်စီမှုအခြေအနေကိုတော့ လတ်တလောမှာ အပြည်အစုံ မသိရသေးတဲ့ အတွက် CNA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ကော်မရှင်ရဲ့ ဂျက်တိုက်လေယာဥ်တွေဟာ ကျောက်တော်၊ မြောက်ဦး ၊ ပုဏ္ဏားကျွန်းမြို့ တွေကို ဆက်တိုက်ပျံဝဲတာတွေ လုပ့း်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။




