Home နိုင်ငံရေး သင်္ကြန်ကာလအတွင်း မောင်တောအကျဥ်းစခန်းက အကျဥ်းသား ၆၀ ကျော်ကို အေအေ ပြန်လွှတ်ပေး

သင်္ကြန်ကာလအတွင်း မောင်တောအကျဥ်းစခန်းက အကျဥ်းသား ၆၀ ကျော်ကို အေအေ ပြန်လွှတ်ပေး

17
0

Coastal News Agency

ပြည်သူတွေ အေးချမ်းပျော်ရွင်စေဖို့ နဲ့ လူသားချင်းစာနာထောက်ထားတဲ့ အ နေ နဲ့ သင်္ကြန်ကာလအတွင်းမှာ အာရက္ခတပ်တော်က မောင်တော အကျဥ်းစ ခန်းမှာ ရှိတဲ့ အကျဥ်းသား ၆၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြန်လွှတ်ပေးခဲ့တဲ့ သူတွေကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တာပါ။

ဒီလိုပြန်လွှတ်ပေးလိုက်တဲ့ သူတွေထဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၅ ဦး၊ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် ARSA နဲ့ ဆက်စပ်သူ ၃ ဦး နဲ့ လက်နက်မှောင်ခိုလာပ်ငန်း လုပ်ကိုင်သူ ၄ ဦး စုစုပေါင်း လွှတ်ပေးခဲ့သူ ၆၇ ဦးဖြစ်တယ်လို့လည်းဆိုပါတယ်။

အခုလိုပြန်လွှတ်ပေးလိုက်တဲ့သူတွေ အနေ နဲ့ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်တာတွေကိုလုပ်ခဲ့ရင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေ နဲ့ အတူ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ကျခံရမှာ ဖြစ်တယ်လို့လည်း ခံဝန်ကတိလက်မှတ်ရေးထိုးထားရတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားပြီး ပြစ်မှုကျူးလွန်တာ မရှိတဲ့ သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်တိုက်ပြန်လွှတ်ပေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်ကဖမ်းဆီးရမိထားတဲ့ သူတွေကို ထားရှိထားတဲ့ သုံ့ပန်းအကျဥ်းစခန်းတွေကို လေကြောင်းဗုံးကြဲတို က်ခိုက်ကာ သုံ့ပန်းတွေကို သတ်ဖြတ်တာတွေလည်းရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here