Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ပုဏ္ဏားကျွန်းမြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် ၁၀ လုံး နဲ့ ဓာတ်အားခွဲ စက်ရုံပျက်စီး

ပုဏ္ဏားကျွန်းမြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် ၁၀ လုံး နဲ့ ဓာတ်အားခွဲ စက်ရုံပျက်စီး

18
0
ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေမှုမြင်ကွင်း(ဝေဟင်အောင်)

Coastal News Agency

စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံး နဲ့ ဓာတ်အားခွဲ စက်ရုံတွေ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာဒီနေ့ မနက် ၁၀ နာရီ မိနစ် ၃၀ လောက်မှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ပြီးတော့ ပေါင် ၅၀၀၊၃၀၀၊၂၀၀ ဗုံး ၁၀ လုံးထက်မနည်း လာရောက်ကြဲချတိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့ထဲက နေရာတချို့ နဲ့ ရေဖြူကန်ကျေးရွာ အနီးတွေကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သလို ပုဏ္ဏားကျွန်းမြို့ ဓာတ်အားခွဲစက်ရုံ၊ န.တ.လ ကျောင်း နဲ့ အမြန်လမ်းမကြီးက နေရာတွေဟာလည်း ပျက်စီးမှု ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုပြီးပြီးတဲ့ နောက်မှာတော့ အနီးအနားမှာ ရှိနေတဲ့ ဒေသခံတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ ဒီနေ့ တရက်တည်းမှာ မြောက်ဦးမြို့နယ် အတွင်းက ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here