ဒီနေ့ စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စီး နဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာကိုခံခဲ့ရတဲ့ မြောက်ဦးမြို့နယ် အတွင်းက လူနေကျေးရွာ နဲ့ ဘုန်းတော်ကြီးကျောင်း ဖြစ်စဉ်အတွင်းမှာ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးဟာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြောက်ဦးမြို့နယ် အတွင်းက ကျောက်ဆည်ကျေးရွာ နဲ့ ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာ ၃ စီး နဲ့ ပေါင်း ၅၀၀ ဗုံး ၃ လုံးထိကြဲချတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် သံဃာတော် ၃ ပါး နဲ့ နောက်ထပ်ပြည်သူ ၁၃ ဦးဟာ ဗုံးစထိမှန်ဒဏ်ရာ ရခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီလိုဘဲ ဒီနေ့တစ်ရက်တည်းမှာ စစ်ကော်မရှင်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အ နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သလို ပုဏ္ဏားကျွန်းမြို့ ဓာတ်အားခွဲစက်ရုံ၊ န.တ.လ ကျောင်း နဲ့ အမြန်လမ်းမကြီးက နေရာတွေဟာလည်း ပျက်စီးမှု ရှိခဲ့ရပါတယ်။




